Unicode
အခန်း (၁၀)
Conler စံအိမ်ကြီးတွင် အင်ပါယာအမိန့်တော် အသစ်ကြောင့် အလျင်စလို စုရုံးလာကြသော Grand Duke Conler၏ လက်အောက်ခံအရာရှိကြီးများ၏မျက်နှာအမူအယာများမှာ မကောင်းလှချေ။
Conlerမိသားစုကြီးသည် တော်ဝင်မိသားစုအပေါ်တွင် အခြားသော မျိုးရိုးမြင့်မိသားစုများထက် ပို၍ သစ္စာရှိခဲ့သည်။သူတို့မိသားစုသည် အင်ပါယာကို တည်ထောင်ရာ၌ ပါဝင်ထောက်ပံ့ပေးခဲ့ကြပြီး သမိုင်းကို အတူတူ မျှဝေခဲ့ကြ၏။
လက်ရှိဆက်ခံသူဖြစ်သည့် Grand Dukeသည် အင်ပါယာကို အထွတ်အထိပ်သို့ ရောက်စေခဲ့သူ ဖြစ်သည်။သူတို့တွင် တော်ဝင်မိသားစုကိုပင် ထိန်းချုပ်ထားနိုင်လောက်သည့် စွမ်းအားရှိကြသည်။
မဟုတ်ပေ။ Conlerမိသားစုသည် ဆန္ဒရှိလျှင် တော်ဝင်မိသားစုကို တော်လှန်၍ အရာအားလုံးကို ထိန်းချုပ်ကာ ပြောင်းပြန်လှန်ပစ်နိုင်ပေသည်။သို့သော်လည်း Conler မိသားစုသည် တော်ဝင်မိသားစုအပေါ် သစ္စာရှိသော ခွေးတစ်ကောင်ကဲ့သို့ ပြုမှုနေသည်ဟု လူအများက ထင်ကြသည်။
" Grand Duke အင်ပါယာအတွက် ဘယ်လောက်တောင် သစ္စာရှိခဲ့လဲ ကျွန်တော် သိပါတယ်။ ဒါပေမဲ့..."
" အဲ့ဒါက တော်ဝင်မိသားစုရဲ့အမိန့်ပဲ "
တော်ဝင်မိသားစုမှ ချမှတ်လိုက်သော အမိန့်အသစ်သည် အတင်းအကြပ် ခိုင်းစေခြင်းသာ ဖြစ်၏။
သားရဲများ ရုတ်တရက်ပေါ်ထွက်လာမှုကြောင့် အတားအဆီးများ ကျိုးပေါက်ကာ ပျက်စီး ဆုံးရူံးခဲ့ရသော ရွာများမှ ရွာခံများအား Conlerမိသားစု၏ပိုင်နက်နယ်မြေသို့ ပြောင်းရွေ့နေရာချထားရန် အမိန့်ပေးခဲ့ခြင်း ဖြစ်သည်။
Conler၏ပိုင်နက်နယ်မြေသည် ကျွန်းစုများ ကဲ့သို့ ရှိကာ နေထိုင်ရန် ကောင်းမွန်သော်လည်း အလွန်ကြီးမားသောရွာများမှ ရွာသူရွာသားများကို ရုတ်တရက် ပြောင်းရွေ့ကာ နေထိုင်ခိုင်းသည်ဆိုသည်မှာ မတူညီသော ဇာတ်လမ်းတစ်ခုပင်။
အရာအားလုံးထက် Conlerနယ်မြေသည် ၎င်းတို့၏ ကုန်းမြေအစီအစဉ်အရ ပြန်လည်တည်ဆောက်ထားသည်မှာ မကြာသေးသောကြောင့် အခြေအနေများမှာ သိပ်မကောင်းသေးချေ။ထို့ကြောင့်ပင် လက်အောက်ခံအရာရှိကြီးများက အစည်းအဝေးတွင် စုရုံးခဲ့ကြပြီး Estinကို အင်ပါယာအမိန့်အား ငြင်းဆန်စေဖို့ လျှိုဝှက်စွာ ဆန္ဒရှိနေကြခြင်း ဖြစ်သည်။
![](https://img.wattpad.com/cover/364887614-288-k728056.jpg)
YOU ARE READING
မြို့စားကြီးရဲ့ဒုက္ခအိုး သမီးဆိုးလေးက တစ်ယောက်ထဲပဲ နေချင်လို့ပါ!!!
RomanceWeekly update- Fri & Sat & Sun Status in COO_ Chapter226+side story *credit to author 윤로체 and English translator*