Unicode
အခန်း ( ၅၆ )“ ငါ ဒီနေ့လိုနေ့မျိုးရောက်လာဖို့ မျော်လင့်နေခဲ့ရတာ ”
“ မင်း မျော်လင့်ထားသလိုနေ့မျိုး ရောက်လာခဲ့လို့ တော်တော်ပျော်နေလား? ”
Hestia ဘေးတွင် ငြိမ်သက်စွာ ရပ်နေခဲ့သော Lucas က Hestia စကား၌ ခုန်ထွက်လာခဲ့သည်။ သို့သော်ငြား Hestia သည် Lucas ၏ ဆူပူသံကို ပေါ့ပေါ့တန်တန်ပင် လျစ်လျူရှူလိုက်၏။
"ကဲ အခု Mary လေး ဒါကိုသုံးပြီး အမဲလိုက်လို့ရပြီ"
" ဟုတ်! "
" ဖြစ်နိုင်ရင် ပထမမင်းသားကို ပစ်လိုက်။ လူဆိုတာလဲ တိရစ္ဆာန်ပဲလေ။ သူက လူကောင်တော်တော်ကြီးတယ်မလား?"
" Hestia! "
Hestia ၏ အကြံပြုချက်ကို နားထောင်ရင်း Mary ခေါင်းတဆတ်ဆတ် ငြိမ့်ပြနေတဲ့အခါ Lucas က အသဲပြဲကြီးဖြင့် အော်ဟစ်လာပြန်သည်။
ခါတိုင်းဆို "လက်ခုပ်တီးလိုက်ပါအုံး " ဆိုပြီး ပြောတတ်တဲ့သူက ဘာလို့အရမ်းကို အလေးအနက်ဖြစ်နေရတာလဲ?
Hestia ကလဲ Lucas ကို နားမလည်တော့သယောင်ဖြင့် လှည့်ကြည့်လာခဲ့သည်။
" မင်းက သူ့ကို ကောင်းတာတွေ သင်ပေးနေတာပဲ "
" ဂုဏ်ယူမိပါတယ် "
" အဲ့ဒါချီးကျူးနေတာ မဟုတ်ဘူး "
" အရာအားလုံးကို စိတ်အလိုမကျဖြစ်နေရင်လဲ ဘာလို့ ဒီနေရာကို လာနေသေးလဲ?"
" ငါက မင်း ဘယ်လိုတွေ လေ့ကျင့်ပေးမလဲ သိချင်လို့လေ"
" ငါတို့ကို နှောက်ယှက်ဖို့ ရောက်လာတာ မဟုတ်ဘူးလား? "
" မင်းက ငါ မင်းတို့ကို နှောက်ယှက်နေတယ်ဆိုပြီး ထင်နေတာလား? "
" ဟုတ်တယ်လေ "
" ဒါဆို အောင်မြင်တာပဲ "
Lucas က အလေးအနက်ပုံစံဖြင့် ပြောလာခဲ့သည်။
ဆိုတော့.. Lucas ဒီကိုရောက်လာတာက ငါ့ရဲ့လေ့ကျင့်မှုကို နှောက်ယှက်မလို့ပေါ့။ ဒါက...သူက ငါ့ကို အမဲလိုက်မပြိုင်စေချင်လို့ဖြစ်မယ်။
Mary သည် Lucas ရှေ့သို့သွားကာ ရပ်ခဲ့သည်။
" Lucas "
YOU ARE READING
မြို့စားကြီးရဲ့ဒုက္ခအိုး သမီးဆိုးလေးက တစ်ယောက်ထဲပဲ နေချင်လို့ပါ!!!
RomanceWeekly update- Fri & Sat & Sun Status in COO_ Chapter226+side story *credit to author 윤로체 and English translator*