Chapter (2)

1.3K 84 0
                                    

unicode

                   အခန်း(၂)

မိတ်ဆွေအပေါင်းအသင်းများနဲ့ မိဘဘိုးဘွားမောင်နှမ စတဲ့ သွေးရင်းတွေက ဘဝခရီးလမ်း၏ကြုံလာရမည့် အတွေ့အကြုံများကို ထောက်ပံ့ပေးမည့်အရာဟု ဆိုကြသည်။

အခုအခြေအနေအရ Mary လဲ အနာဂတ်တွင် သေချာသော အာမခံချက် တစ်ခုရှိထားဖို့ရန်အတွက် နောက်ပိုင်းတွင် အိမ်ရှေ့စံမင်းသမီးဖြစ်လာမည့် Astina အား သူမ့ဘက်ကို သိမ်းသွင်းရန် လိုအပ်လာသည်။

ဘယ်သူသိနိုင်မလဲ...နောက်ပိုင်းတွင် နိုင်ငံခြားသို့ထွက်၍ စီးပွားရေးလုပ်သောအခါ Britina အင်ပါယာ၏ ဘုရင်မက ငါ့ကို ကူညီပေးနိုင်တာပဲမဟုတ်လား?

Kaya တိုက်ကြီးတွင် Britina နှင့် Larvian ဟူ၍ အင်ပါယာနှစ်ခုရှိ၏။ထို အင်ပါယာနှစ်ခုအား Lorque တောင်တန်းဖြင့် ပိုင်းခြား ထားသည်။ထိုနှစ်ခုလုံးသည် အင်ပါယာများပင် ဖြစ်သောငြား တူညီသောအဆင့်တွင် မရှိကြပါ။အဘယ်ကြောင့်ဆိုသော Britina အင်ပါယာတွင် ပို၍သာလွန်ကောင်းမွန်သော စစ်တပ်နှင့် နိုင်ငံ့အာဏာရှိသောကြောင့် ဖြစ်သည်။ထို့အပြင် သူတို့ တွင် Conler လဲရှိ၏။

Astina အား Britina အင်ပါယာရှိ Borneo Marquis မှ အသက်ရှစ်နှစ်အရွယ်တွင် မွေးစားခဲ့တယ်။သူမကို ထိုကဲ့သို့ မွေးစားခြင်း မခံရမှီတွင် သူမသည် Mary နှင့်တူညီသော မိဘမဲ့ဂေဟာတွင်နေခဲ့သောကြောင့် Mary နှင့်သူမအဖွဲ့၏ ဆိုးရွားစွာ အနိုင်ကျင့်ခြင်းကို ခံခဲ့ရသည်။ Astina သည် အသက်ငယ်ငယ်လေးထဲပင် အလွန်လှပသူပင်။

Mary Astina အား အနိုင်ကျင့်ရသည့် အကြောင်းပြချက်မှာလဲ ရယ်စရာကောင်းလှပါသည်။အကြောင်းအရင်းမှာ Astina သည် မိဘမဲ့ဂေဟာတွင် ချစ်စရာကောင်းပြီး မြင့်မြတ်နူးညံ့သော ပုံရိပ် ရှိသည့် တစ်ဦးတည်း သောသူ ဖြစ်သောကြောင့် ဖြစ်၏။သူမသာ Mary ရှု့ထောင့်မှ ကြည့်မည်ဆိုလျှင် Mary သည် Astina ၏ တောက်ပသောရောင်ဝါများကြောင့် သိမ်ငယ်မိ၍ အနိုင့်ကျင့်ခြင်းဖြစ်ပေလိမ့်မည်။ သို့သော် သူမကတော့ Mary ၏လမ်းစဉ်အတိုင်းတော့ မလိုက်ချင်ပါ။ Astina အား အနိုင်ကျင့်ခြင်းထက် သူမ၏နောက်လိုက်ဖြစ်ခြင်းကပင် ပို၍ကောင်းမွန်လိမ့်မည်။

မြို့စားကြီးရဲ့ဒုက္ခအိုး သမီးဆိုးလေးက တစ်ယောက်ထဲပဲ နေချင်လို့ပါ!!!Where stories live. Discover now