Chapter (20)

752 58 0
                                    

Unicode
                 အခန်း (၂၀)

အစိမ်းရင့်ရောင် အတွင်းဝတ်အင်္ကျီဝတ်ထားသော လူတစ်ယောက်သည် ပျက်စီးယိုယွင်းနေသော အခန်းတစ်ခန်းထဲသို့ ဝင်ရောက်လာခဲ့သည်။ထိုလူကြီးသည် ကြမ်းပြင်ပေါ်တွင် လဲကျနေသော အရာတစ်ချို့ကို ကန်ကျောက်လိုက်ပြီးနောက် ကြမ်းပြင်ပေါ်တွင် မယုံနိုင်ဖြစ်နေသော အမူအရာဖြင့် ထိုင်နေခဲ့သည့် Jacksonဆီသို့ ချဉ်းကပ်လာခဲ့သည်။ သူ့ရဲ့တည်ရှိမှုကို ခံစားမိလိုက်သော  Jacksonသည် ခေါင်းကိုထောင်လိုက်ပြီး ရှေ့တွင် လာရပ်နေသော ထိုလူကြီးကို ကြည့်လိုက်သည်။

“ ဘယ်သူလဲ.…? ”

“ မင်းရဲ့ညီအစ်ကိုတွေ အဖမ်းခံလိုက်ရပြီ ”

Jackson Jackson၏ရဲရဲနီနေသော မျက်လုံးများမှာ ထိုလူစိမ်း၏စကားများ၌ မျက်ရည်များဖြင့် ပြည့်လျှံလာခဲ့သည်။ထို့နောက် သူ့ရဲ့လက်သီးများဖြင့် ကြမ်းပြင်ကို ထိုးနှက်ကာ ပြင်းပြင်းထန်ထန် ငိုကြွေးလေတော့သည်။ထိုလူကြီးသည် Jackson၏ ဆူညံသောအသံကြောင့် မျက်မှောင်ကြုတ်ကာ သူ့၏လက်များဖြင့် နားရွက်ကို ကာထားလိုက်၏။

“ မင်းက ရေတူးမြောင်းထဲမှာ ကြွက်တစ်ကောင်လို နေထိုင်ခဲ့ပြီး မင်းရဲ့ ပထမဆုံးအကြိမ်အနေနဲ့ အချီကြီးစားရတော့မှာမလို့ စိတ်လှုပ်ရှားနေခဲ့တာမလား? ”
“ မင်းဘာသိ… ”
Jacksonသည် ဝုန်းခနဲ ထရပ်လိုက်ပြီး သူ့ရှေ့က လူကြီးကို စိုက်ကြည့်လိုက်၏။သူ့ရဲ့ကျစ်ကျစ်ဆုပ်ထားသော လက်သီးများမှာ တုန်ရီလျက်ရှိသည်။သူ့ပုံစံမျာ အလွန်ပျော့ညံ့နေပုံပေါက်နေသောကြောင့် ထိုလူစိမ်းက သူ့ကိုကြည့်ပြီး ကျယ်လောင်စွာ ရယ်မောလာသည်။

ဘယ်လိုဖြစ်လို့ ဒီကောင်က ဒီလောက်တောင် ပျော့ညံ့နေရတာလဲ?

သူက ထပ်ပြီး အသုံးဝင်နိုင်သေးတယ်လို့ တွေးမိလိုက်တဲ့အတွက် ထိုလူကြီးသည် ကိုယ်ကိုနှိမ့်ကာ Jacksonအနားသို့ တိုးတိုးလေး ကပ်ပြောလာသည်။

“ Mary Conler ”

“ ဘာလဲ? ”

“ မင်းကို အခုလိုဖြစ်အောင် လုပ်ခဲ့တဲ့ တရားခံလေ။ မှတ်မိတယ်မလား? ”

မြို့စားကြီးရဲ့ဒုက္ခအိုး သမီးဆိုးလေးက တစ်ယောက်ထဲပဲ နေချင်လို့ပါ!!!Where stories live. Discover now