Chapter (35)

715 61 2
                                    

Unicode
                 အခန်း (၃၅)

Gilbert ၏ အေးစက်သော စကားများက Mary ကို အေးခဲသွားစေခဲ့သည်။

ငါ့တစ်ယောက်ထဲကို ပြောတာဆို ကိစ္စမရှိပေမဲ့ အကောင်းတကာ့အကောင်းဆုံး အိမ်အကူဖြစ်တဲ့ Bonita ပါ ငါ့ကြောင့် အပြောခံလို့ စိတ်တိုမိတယ်။

ဟင်း.. ဒီကောင်စုတ်လေးကတော့

ထိုကောင်စုတ်လေးကြောင့် ခံပြင်းသွားကာ ပန်းကန်ပြားကို ခက်ရင်းဖြင့် ထပ်ပြီး တိုက်ခိုက်ပါတော့သည်။

Bonita အရမ်းစိုးရိမ်နေခဲ့လို့ ဖြစ်မည်။ Bonita သည် Mary အနောက်ကိုလာ၍ သူမသာ ကြားနိုင်မည့် စကားတို့ကို တိုးတိုးလေး ကပ်ပြောလာသည်။

“ သခင်မလေး မစားနိုင်ရင် မစားပါနဲ့တော့ ”

Mary သည် ခေါင်းကို ညင်သာစွာ ခါလိုက်သည်။

ငါ  Bonita ကိုတော့ အပြစ်တင်တာ မခံနိုင်ဘူး။ ဆက်စားနေရင်းနဲ့ ကောင်းမွန်တဲ့အရသာကိုတောင် မခံစားမိတော့။
အား... ဆက်စားဖို့ တတိယတစ်ခု ကျန်သေးတယ်။

“ မင်းကို ပေးတဲ့ အစားအစာအားလုံးကို စားလိုက်တာက ဒီဟင်းပွဲတွေကို ပြင်ဆင်ပေးတဲ့ စားဖိုမှူးရဲ့ကြိုးစားမှုကို အသိအမှတ်ပြုပေးတာပဲ ”

ဟုတ်ပါတယ်။ မှန်ပါတယ်။
ဒါပေါ့ ။

Mary လဲ အစားအသောက်တွေ မစားနိုင်လို့ ကျန်တိုင်း အားနာမိသည်။ ထို့ကြောင့် သူမ စားဖိုမှူးဆီသွားပြီး တတ်နိုင်သမျှ တောင်းပန်ခဲ့သည်။ သွားတဲ့အချိန်တိုင်းလဲ သူ့မှာ လက်အကြီးကြီးတွေရှိလို့ ထည့်ပေးတဲ့ ပမာဏကို မထိန်းချုပ်နိုင်ခဲ့တဲ့အတွက် စိတ်မကောင်းဖြစ်မိတယ်လို့ ပြောခဲ့တဲ့  စားဖိုမှူးကြီးကို သတိရမိသည်။ Conler မိသားစုကြီးရဲ့ အလုပ်သမားတိုင်းက အရမ်းကို ကောင်းမွန်ကြပါသည်။

အလုပ်ရှင်ကသာ ထို့သို ဖြစ်နေခြင်းပင်။

အစားအစာကျန်တာကို အမုန်းဆုံးဖြစ်တဲ့ Bonita က သူမ့ရဲ့အနောက်မှာ စိုးရိမ်တကြီး လှုပ်လှုပ်ရွရွ ဖြစ်နေခဲ့သည်။ ဒါကြောင့်  Mary ပိုပြီး စားသင့်တယ်လို့ တွေးခဲ့သည်။ Rex ကလဲ စိုးရိမ်နေသော မျက်လုံးတွေနဲ့ Mary ကို ကြည့်နေခဲ့သည်။

မြို့စားကြီးရဲ့ဒုက္ခအိုး သမီးဆိုးလေးက တစ်ယောက်ထဲပဲ နေချင်လို့ပါ!!!Where stories live. Discover now