Unicode
အခန်း (၂၂)“ ကျွန်မ သမီးတစ်ယောက် လိုချင်တယ် ”
Helena၏စကားများကြောင့် ပြတင်းပေါက်အပြင်ဘက်ကို ကြည့်နေသော Estin၏အကြည့်များသည် သူမထံသို့ ရွေ့သွား၏။Helena သည် သူမ၏ပူဖောင်းနေသော ဗိုက်လေးကို ညင်သာစွာ ပွတ်သပ်နေသည်။
“ သမီး? ”
“ ကလေးတွေအားလုံးက ရှင်နဲ့တူကြတယ် ”
ငြီးတွားနေသော လေသံက Estinကို မသိလိုက်မိဘဲ ရယ်မောစေခဲ့သည်။
ဟုတ်တာပေါ့။မင်းလေးက ဝေဒနာခံစားရတဲ့သူဆိုတော့ စိတ်ဆိုးရမှာပေါ့။
“ ကလေးတွေမှာ အနက်ရောင်ဆံပင်နဲ့ အနက်ရောင်မျက်လုံးတွေရှိကြတယ် ”
မင်း အဲ့ဒါကို ဂရုမစိုက်ဘူးလို့ ကိုယ် ထင်ခဲ့တာ။
Estinသည် Helenaထံသို့ ဖြည်းညင်းစွာ ချဉ်းကပ်လာပြီး သူမ၏အနီရောင်ဆံနွယ်များကို ထိတွေ့လိုက်သည်။ထိုဆံနွယ်များသည် နေရောင်ကဲ့သို့ တောက်ပပြီး geraniumပန်းများကဲ့သို့ လှပလေသည်။
Helenaက နီရဲလွန်းတဲ့ သူမ၏ဆံပင်တွေကြောင့် တစ်ခါတစ်ရံမှာ ရှက်ရွံ့မိသည်ဟု ပြောလေ့ရှိပေမယ့် Estin ကတော့ ဒီအနီတောက်တောက်ဆံပင်လေးတွေက ချစ်စရာကောင်းလှသည်ဟု ဆိုသည်။
“ ဆံပင်အနီရောင်နဲ့ သမီးလေးဆိုလဲ အရမ်းချစ်စရာကောင်းမှာပဲ ”
Estin က ထိုသို့ပြောလိုက်သောအခါ Helenaသည် ရှက်သွေးဖြာသွားခဲ့ပြီး ပြုံးပြလာသည်။ထိုအပြုံးနုနုလေးကို ကြည့်ရင်း Estin ယောင်ဝါးဝါးတွေးနေမိသည်။ တကယ်လို့ ကလေးက သူမလို ဆံပင်နီလေးတွေနဲ့ မွေးဖွားလာခဲ့မည်ဆိုလဲ သူမကို ချစ်ဖို့ကလွဲပြီး ရွေးချယ်စရာမရှိချေ။
အနီရောင်သည်လည်း Britinaအင်ပါယာ၏အကြိုက်ဆုံးအရောင် ဖြစ်သည်။အဘယ်ကြောင့်ဆိုသော် ၎င်းသည် နေမင်းကြီး၏အရောင် ဖြစ်သောကြောင့်ပင်။
သို့သော် Conlerမိသားစု၏ နက်ရှိုင်းသော အမှောင်ထုကိုတော့ ရှောင်လွှဲနိုင်ပါ့မလား?***************************
Mary သည် Neroအမည်ရှိ သူမ၏ကြောင်ရုပ်လေးကို အမြဲတမ်း ပွေ့ဖက်ထားလေ့ရှိ၏။ သူမ အိပ်သည့်အချိန်၊ ကစားသည့်အချိန် အချိန်တိုင်းလိုလိုပင်။ ထိုသို့ သူမနှင့်တူသော တူသောအရုပ်လေးကို ပိုက်ထားသည့် သူမကို မြင်ရသည်မှာ အတော်လေး ချစ်စရာကောင်းလှသည်။

YOU ARE READING
မြို့စားကြီးရဲ့ဒုက္ခအိုး သမီးဆိုးလေးက တစ်ယောက်ထဲပဲ နေချင်လို့ပါ!!!
RomanceWeekly update- Sat & Sun Status in COO_ Chapter226+side story *credit to author 윤로체 and English translator*