Chapter (8)

1.1K 70 0
                                    

Unicode

                 အခန်း (၈)

“ သမီးကို မိုက်မဲတယ် မဆင်မခြင်လုပ်တယ် ဆိုပြီး ထင်ကောင်းထင်နိုင်တယ် ”

“ ငါ ထင်တာပဲ ”

“ ဒါပေမဲ့ သမီး ဒီလိုလုပ်ခဲ့မိလို့ နောင်တမရဘူး ”

Grand duke Estin က Mary ပြောလိုက်တဲ့ “ နောင်တမရဘူး ” ဆိုတဲ့စကားကို နားမလည်သလိုမျိုး မျက်ခုံးတစ်ချက် ပင့်လိုက်တယ်။

“  သမီး အချိန်နောက်ပြန်လှည့်လို့ ရခဲ့ရင်တောင် သမီးအဲ့ဒါကို ထပ်လုပ်မှာပဲ ”

“ သမီး နောင်တမရဘူး ”

အမှန်တိုင်းပြောရလျှင် သူမသာ အသက် ၁၈နှစ်အရွယ် ဖြစ်ပါက  မိဘမဲ့ကလေးတွေကို ပေးဖို့ ဂေဟာမှူးရုံးခန်းကနေ ပိုက်ဆံများကို မဆင်မခြင် ခိုးယူဖို့ ကြိုးစားခဲ့တဲ့အတွက် ၉နှစ်အရွယ် Mary ကို ဆူပူမိခဲ့လိမ့်မည်။
ဒါပေမဲ့ သူမ Grand Duke ကိုတော့ ပြောပြချင်ခဲ့သည်။

တစ်စုံတစ်ယောက်က ဒါဟာ မဆင်မခြင်လုပ်တဲ့ နည်းလမ်းအမှားကြီးလို့ ထောက်ပြလာခဲ့ရင်တောင်မှ အဲ့ဒီအချိန်တုန်းက ဒီနည်းလမ်းက သူမလုပ်နိုင်မည့်အသိသာဆုံး ရွေးချယ်မှု ဖြစ်ခဲ့သည်။ မဟုတ်။ သူမ့မှာ ရွေးချယ်စရာဆိုလို့  ဒီနည်းလမ်းပဲ ရှိခဲ့တာ ဖြစ်သည်။

ပြောပြီးသည်နှင့် သူမ၏မျက်ရည်များမှာ ဝဲတက်လာသောကြောင့် အောက်နှုတ်ခမ်းကို အသာကိုက်ထားမိသည်။
Mary မျက်ရည်တွေ စီးကျလာတာနဲ့အမျှ သူမရဲ့ရှေ့မှာ ရပ်နေတဲ့ Grand Grand Duke Estinဟာ သူ့ရဲ့ အေးစက်တဲ့ပုံရိပ်ကို မထိန်းနိုင်တော့ပဲ တုန်လှုပ်သွားတော့သည်။

Mary က သူမ၏ပါးပြင်မှာ မျက်ရည်တွေ စီးကျနေတာက ရှက်စရာကောင်းတယ်လို့  ထင်မိတဲ့အတွက် ခေါင်းကို အနည်းငယ်မော့ထားလိုက်ပေမဲ့ မျက်ရည်တွေက ပိုလို့တောင် လျင်မြန်စွာ စီးကျလာပြန်ပါသည်။

“ သခင်မလေး ငိုနေတာလား?”

Lucasရဲ့ လျင်မြန်မှုရှိသော်လည်း အလိုက်သိမှုမရှိတဲ့ မှတ်ချက်ကြောင့်  Mary မျက်ရည်တွေကို အမြန်ပြန်သုတ်လိုက်သည်

။ဦးလေးကြီး အကဲခတ်မြန်တာ သိပါတယ်။ ဒါမဲ့ အဲ့လိုအကျယ်ကြီး မပြောသင့်ဘူးလေလို့!

မြို့စားကြီးရဲ့ဒုက္ခအိုး သမီးဆိုးလေးက တစ်ယောက်ထဲပဲ နေချင်လို့ပါ!!!Where stories live. Discover now