Unicode
အခန်း (၁၉)" မင်း ဘယ်ရောက်နေခဲ့တာလဲ? "
Hestia၏လက်မောင်းထဲနေရင်း ရထားလုံးရှိရာဆီသို့ Mary တို့သွားခဲ့ကြရာ Lucasကို တွေ့လိုက်ရပြီး သူ့နောက်တွင်မူ မှောင်မိုက်သော အရှိန်အဝါဖြင့် Grand Duke Estinကို တွေ့လိုက်ရ၏။
သူအရမ်း စိတ်တိုနေတာ ဖြစ်မယ်။
Lucasက Mary ကို ခက်ခက်ခဲခဲ ရှာနေခဲ့တာ ဖြစ်နိုင်သည်။သူ့ရဲ့နဖူးမှာ ချွေးတွေ ရွှဲလို့နေသည်။ ဤသည်ကိုမြင်တော့ Mary နောင်တရမိသလို ခံစားလိုက်ရသည့်အတွက် သူမရဲ့လက်ကို မြောက်လိုက်ပြီး Lucas၏နဖူးမှ ချွေးတွေကို သုတ်ပေးလိုက်သည်။ Lucas က Mary ရဲ့ထိုအပြုအမှုကို အားနည်းစွာ ပြုံးပြလာသည်။
Hestiaက သူမလက်ထဲမှာ ထွေးပွေ့ထားတဲ့ Mary ကို ချလိုက်တော့ Lucasက Mary ၏လက်ကို ဆွဲယူခဲ့ပြီး Grand Duke Estinဆီကို လျောက်သွားခဲ့သည်။
Mary သူနဲ့ပိုနီးလာလေလေ သူရဲ့ဒေါသထွက်နေတဲ့ မျက်နှာကို မြင်ရလေလေပင်။
" Dukeက အရမ်းကို စိတ်ပူနေခဲ့တာ "
Grand duke၏မျက်နှာပေါ်မှ Mary ကို ငုံ့ကြည့်နေသော အကြည့်သည် စိတ်ပူနေခြင်းထက် ဒေါသထွက်နေတာနှင့် ပိုတူ၏။ Mary က Grand Duke၏မျက်လုံးတွေကို တည့်တည့်မကြည့်ရဲ့သည့်အတွက် သူမ့ခေါင်းကို ငုံ့ထားမိသည်။
" မင်း သူမကို ဘယ်မှာ ရှာတွေ့ခဲ့တာလဲ? "
" သခင်မလေးက လမ်းကြားထဲမှာ ရှိနေခဲ့တာ။ ပြီးတော့ တခြားနေရာတွေကို ပိုကြည့်ချင်သေးတယ်ဆိုလို့ ကျွန်မ မြို့တစ်ဝိုက်ကို လိုက်ပြပေးနေတာ "
မျော်လင့်ထားသလိုပဲ Hestia!
Mary နောက်ကို လှည့်ကြည့်လိုက်တော့ Hestiaက သူမမျက်လုံးတစ်ဖက်ကို အသာလေး မှိတ်ပြလိုက်သည်။Mary ရှေ့ကို ပြန်ကြည့်လိုက်တော့ Grand Duke Estin၏ မျက်နှာအမူအရာမှာ Hestia၏စကားကြောင့် အနည်းငယ် စိတ်ဆိုးပြေသွားပုံရသည်။
" မင်း Hestiaနဲ့ အတူရှိနေခဲ့တာလား? "
" ဟုတ်... "
" ဒါပေမဲ့လဲ အဝေးကြီး လျောက်မသွားနဲ့ "
" ...ဟုတ် "
YOU ARE READING
မြို့စားကြီးရဲ့ဒုက္ခအိုး သမီးဆိုးလေးက တစ်ယောက်ထဲပဲ နေချင်လို့ပါ!!!
RomanceWeekly update- Fri & Sat & Sun Status in COO_ Chapter226+side story *credit to author 윤로체 and English translator*