Unicode
အခန်း (၁၅)Mary ထိုလူကြီးရဲ့ ဘယ်နေရာကို ပစ်လိုက်ရမလဲဆိုပြီး ခဲရာခဲဆစ် စဉ်းစားနေတဲ့အချိန်မှာပဲ နံဘေးကနေ လေပြေလေးလို လှပတဲ့အသံတစ်သံကို ကြားလိုက်ရသည်။ ပြောလိုက်သော စကားမှာ ဘာကိုဆိုလိုသလဲဆိုတာကို သိချင်မိရင်း အသံကြားရာဘက်သို့ သူမ၏ခေါင်းကို ဖြည်းဖြည်းချင်း စောင်းကြည့်မိတော့ သူမနဲ့အသက်ရွယ်တူလို့ ထင်ရတဲ့ ကောင်လေးတစ်ယောက်သည် သူမဆီကို လျောက်လာခဲ့သည်။
သူ ဘယ်အချိန်က ရောက်လာခဲ့တာလဲ?
ငါ ဘယ်လောက်ပဲ အာရုံမစိုက်နိုင်ဖြစ်နေပါစေ မင်းရဲ့တည်ရှိမှုကို ဘယ်လိုများ ဖုံးကွယ်ပြီး ငါ့ဆီကို ရောက်လာခဲ့တာလဲ?
“ ဘယ်သူလဲ? ”
Mary ကို ခေါ်ဆောင်သွားခဲ့တဲ့လူတွေကလဲ ထိုသို့ အတူတူပဲ တွေးမိကြသည် ထင်၏။သူတို့က Mary ကို သူတို့နောက်တွင် ဖွက်လိုက်ကြပြီး ထိုကောင်လေးကို သတိဖြင့်ကြည့်နေကြသည်။ထိုကောင်လေးသည် သူတို့နောက်တွင်ရောက်နေသော Mary နဲ့ မျက်လုံးချင်းဆုံအောင် ကြည့်ပြီးနောက် ဖော်ရွေတဲ့အပြုံးတစ်ခုဖြင့် ပြုံးပြနေသည်။
မင်းက ဘာလို့ ပြုံးနေတာလဲ?
ငါ့ရဲ့စိတ်အခြေအနေက လိုက်ပြီး ပြုံးနေနိုင်မယ့်ပုံစံနဲ့ တူနေလို့လား?ငါတကယ် သူရဲ့ပြုံးနေတဲ့မျက်နှာကို ဆွဲဖြဲပစ်လိုက်ချင်တယ်။ဒါပေမဲ့ ဒီကလေးက အခုချိန်မှာ ငါ့ကို ကယ်နိုင်မယ့် တစ်ယောက်ထဲသောသူပဲ။
Mary ထိုအပြုံးကို သနားစရာမျက်လုံးလေးများဖြင့် တုန့်ပြန်လိုက်သည်။သူမရဲ့ကံကြမ္မာကို ဒီယိုင်နဲ့နဲ့မျော်လင့်ချက်အပေါ်မှာ လောင်းခဲ့သည်။
“ မင်းက ဘယ်သူလဲ? ”
သို့သော်လည်း Mary ကိုခေါ်သွားခဲ့တဲ့လူတွေက သူမနဲ့ရွယ်တူလို့ထင်ရတဲ့ ထိုကောင်လေးသည် ကိုင်တွယ်ရတာ လွယ်ကူမယ့်ပုံပေါက်နေတဲ့အတွက် နှာမှုတ်ကာ သရော်သောလေသံဖြင့် မေးလာသည်။
ငါ့မှာ ယုံကြည်ချက်တော့ သိပ်မရှိပေမယ့်… ငါ့ကို ကယ်ဖို့လာတာတော့ ဖြစ်နိုင်သေးတယ်မလားဟင်…?
YOU ARE READING
မြို့စားကြီးရဲ့ဒုက္ခအိုး သမီးဆိုးလေးက တစ်ယောက်ထဲပဲ နေချင်လို့ပါ!!!
RomanceWeekly update- Fri & Sat & Sun Status in COO_ Chapter226+side story *credit to author 윤로체 and English translator*