Unicode
အခန်း ( ၆၀ )တစ်နေ့တွင် အင်ပါယာနန်းတော်၌ လှပသောအမျိုးသမီးတစ်ဦး ပေါ်လာခဲ့သည်။ သူမ၏ နာမည် ၊ သူမ ဘယ်ကလာလဲ ဘယ်သူမှ မသိခဲ့ကြပေ။ ထို့ကြောင့် လူတစ်ချို့ဟာ သူမသည် စုန်းမတစ်ယောက်ဖြစ်သည်ဟု ယုံကြည်နေခဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော် သူမ ရုတ်တရက်ထွက်ပေါ်လာခဲ့သော အချိန်တွင် demonic သားရိုင်းတိရစ္ဆာန်တို့မှာ ထိန်းမရသိမ်းမရ ဆိုးရွားသောင်းကြမ်းခဲ့ကြသောကြောင့်ပင်။
သူမသည် တော်ဝင်မိသားစုထံမှ မည်သည့်အရာကိုမှ စိတ်ဝင်စားမှုမရှိခဲ့ချေ။ ထို့အပြင် ခိုင်းသည့်အလုပ်ကိုသာ လုပ်တတ်သော အေးစက်ကာ မာနကြီးသည့် Estin Conler ကပင် ဧကရာဇ်အား ထိုအမျိုးသမီးကို သတိထားရန် အကြံပေးခဲ့သည်။ သို့သော်လည်း ဧကရာဇ် သည် သူမ၏လျှိုဝှက်ဆန်းကြယ်မှုမှာ ပျော်ဝင်သွားခဲ့ပြီး ထိုအမျိုးသမီးကို ခမ်းနားလှပစွာ အလှဆင်ထားသော နန်းတော်တစ်ခုတွင် ထားခဲ့သည်။
ဧကရာဇ်သည် ဘာကိုမှမမှတ်မိခဲ့သော ရိုးရှင်းလှသည့် ထိုအမျိုးသမီးကို ချစ်ကျွမ်းဝင်သွားခဲ့လေသည်။သူသည် သူမအပေါ်တွင် ယုံကြည်လို့ရနိုင်ပြီး မှီခိုအားထားလို့ရနိုင်သည်ဟု တွေးခဲ့သည်။ ထို့ကြောင့် သူတို့နှစ်ယောက်ကြားတွင် သားတော်တစ်ပါး မွေးဖွားလာခဲ့သည်။ ထိုသားငယ်လေးမှာ Demimore Arstans ဖြစ်လေသည်။
ဧကရီက ထိုအမျိုးသမီးနှင့် သူမ၏ကလေးကို မျက်မုန်းကျိုးနေခဲ့သည်။ သို့သော် ဧကရာဇ်က သူမကို ချစ်မြတ်နိုးနေသည့်အတွက် အလွယ်တကူ မထိရဲခဲ့ပေ။ ဒါပေမဲ့ တကယ်လို့ ဧကရာဇ်ရဲ့ ထိုအမျိုးသမီးအပေါ်ထားတဲ့အချစ်တွေက လျော့နည်းသွားပြီး သူမကို မျက်ကွယ်ပြုထားမယ်ဆိုရင် ဘာတွေဖြစ်လာလိမ့်မလဲ?
***
" အရှင်မင်းသား ဒီအထိလာဖို့ တကယ်လိုလို့လားဗျာ? "
" ဒီလောက် ပျော်စရာကောင်းတဲ့ မြင်ကွင်းကို ကျွန်တော် ဘယ်လိုလုပ် လက်လွတ်ခံလို့ ဖြစ်မလဲ? "
Demimore က Jasper ၏ မေးခွန်းကို အပြုံးကြီးတစ်ခုဖြင့် ပြန်ဖြေခဲ့သည်။ Conler ၏ အငယ်ဆုံးသခင်မလေးနှင့် သူ့၏ အဖေတူအမေကွဲအစ်ကိုကြားက အလောင်းအစား။ ဒီလိုမြင်ကွင်းမျိုးကို သူ လက်လွတ်ခံလို့မရနိုင်ပေ။

YOU ARE READING
မြို့စားကြီးရဲ့ဒုက္ခအိုး သမီးဆိုးလေးက တစ်ယောက်ထဲပဲ နေချင်လို့ပါ!!!
RomanceWeekly update- Sat & Sun Status in COO_ Chapter226+side story *credit to author 윤로체 and English translator*