Unicode
အခန်း ( ၇၀ )Mary က Estin ကို သူမကြောင့် သေဆုံးခဲ့ရသည့် ယုန်တစ်ကောင်၏အကြွင်းအကျန်များကို ဥယျာဉ်၏အစွန်ဆုံးထောင့်မှာ မြှုပ်နှံပေးဖို့ တောင်းဆိုလာခဲ့ချိန်တွင် Estin က ခဏမျှ မျက်မှောင်ကြုတ်သွားခဲ့သည်။ ထိုအရာကို Cameron က ပို့ခဲ့မှန်း သူသိသော်လည်း Mary ၏ ကျိုးနွံသော အမူအရာလေးကို တုန့်ပြန်ရန် ခေါင်းညိတ်ပြခဲ့သည်။ အကြောင်းအမျိုးမျိုးကြောင့် သူ မသိသည့်အချိန်တွင် သူမအန္တာရယ်ကြုံလာရမှာကို စိုးရိမ်နေမိသည်။
Estin သည် Mary က အမဲလိုက်ရာတွင် အနိုင်ရခဲ့ပါက သူမလိုချင်သည့် မည့်သည့်အရာကိုမဆို သူပေးမည်ဟု ပြောခဲ့သည်။ သူမက အရုပ်များကို နှစ်သက်ဟန်တူသည်။
အရုပ်သစ်တစ်ရုပ် ဝယ်ခိုင်းမလား? ဒါမှမဟုတ် အဝတ်အစား? လက်ဝတ်ရတနာ? Estin တခြားဘာကိုမှ မတွေးနိုင်ခဲ့ပေ။
အချိန်အတော်ကြာ တုန့်ဆိုင်းနေသော Mary သည် သူမ လိုချင်သောအရာ တစ်ခုရှိသည်ဟု ပြောလာခဲ့သည်။
" ဘာများလဲ? "
" Grand Duke သမီးကြောင့် အဲ့ဒါကို တစ်ခါအသုံးပြုပြီးသွားပြီဆိုပေမဲ့လေ...သမီး laminicho ကုသဆေးကို ထပ်တောင်းဆိုလို့ရမလားဟင်? "
" ...မင်း ဘယ်နေရာမှာ နေလို့မကောင်းလို့လဲ? "
Mary လိုချင်သည့်အရာမှာ laminicho ဆေးဖြစ်နေသည်။ ထိုစကားက Estin ၏အမူအရာကို စိုးရိမ်တကြီး တင်းမာသွားစေခဲ့သည်။ သူက ကလေးငယ်မှာ နေမကောင်းဖြစ်နေသလားဟု တွေးမိလိုက်သော်လည်း Mary က ခေါင်းကို မြန်မြန်ဆန်ဆန် ခါယမ်းပြလာခဲ့သည်။
" သမီး အဲ့တာကို သောက်မလို့မဟုတ်ပါဘူး...တစ်ချိန်ချိန်ကျရင် အသုံးလိုတဲ့နေရာရှိလာမလားလို့ သမီးတွေးလိုက်မိလို့ပါ "
" Laminicho က သေတဲ့သူတွေကို မကယ်နိုင်ဘူးနော် "
" သမီး အဲ့တာကို ယုန်ကို တိုက်မလို့မဟုတ်ပါဘူး.... "
ဤတစ်ခါမှာလဲ Estin ၏ ခန့်မှန်းချက်မှာ မှားသွားပြန်သည်။ ကလေးက စိတ်လှုပ်ရှားစွာဖြင့် သူမ၏လက်ဖဝါးနှစ်ဖက်ကို ပွတ်တိုက်နေခဲ့သည်။ သူမက ဆက်ရှင်းပြရန် ခက်ခဲနေပုံရသည်။ Laminicho သည် ပြုလုပ်ရန် ခက်ခဲသော ဆေးတစ်မျိုးဖြစ်သည်။ ၎င်းကို ထိခိုက်ဒဏ်ရာမျိုးစုံအတွက် အသုံးပြုနိုင်ပြီး တိကျသေချာသော အကျိုးသက်ရောက်မှုရှိသည်။ အင်ပါယာတွင် ရှားပါးလှသည့် ထိုအရာကို တောင်းဆိုနေသည်မှာ ထိုအရာသေးသေးလေးက သူမ၏အာရုံကို ဖမ်းစားနိုင်သွား၍ဖြစ်မည်။

YOU ARE READING
မြို့စားကြီးရဲ့ဒုက္ခအိုး သမီးဆိုးလေးက တစ်ယောက်ထဲပဲ နေချင်လို့ပါ!!!
RomanceWeekly update- Sat & Sun Status in COO_ Chapter226+side story *credit to author 윤로체 and English translator*