Unicode
အခန်း (၄၀)
Mary စာကြည့်တိုက်ရှေ့တွင် ရပ်ပြီး တံခါးကို စိုက်ကြည့်နေခဲ့သည်။
ထိုတံခါးသည် Conler စံအိမ်ကြီးတွင် Mary အကြိမ်ပေါင်းများစွာ ဝင်ထွက်ခဲ့ဖူးသော တံခါးဖြစ်သော်လည်း ယနေ့မှာတော့ ဖွင့်ဖို့ရန် အလွန်ကို စိတ်လှုပ်ရှားနေမိသည်။
“ ဟူး.... ”
Baron Bruno နှင့် ပြဿနာဖြစ်ခဲ့သော ဖြစ်ရပ်အတွက် Gilbert ကို တောင်းပန်သင့်ကာ ကျေးဇူးလဲတင်သင့်သည်ဟု Mary ခံစားခဲ့ရသောကြောင့် သူဘယ်နေရာမှာ ရှိနေလဲ စုံစမ်းပြီးသည့်နောက်မှာ Mary ဤနေရာသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။မျော်လင့်ထားသကဲ့သို့ပင် Gilbert သည် စာကြည့်ခန်းထဲတွင် ရှိနေခဲ့သည်။
Mary နှင့် ရင်းနှီးကျွမ်းဝင်မှုရှိတဲ့ စာကြည့်တိုက်ထဲမှာပဲ သူ ရှိနေခဲ့၍ ကံကောင်းသည်ဟု ပြောရမလား?
အကယ်၍ Gilbert သာ သူ့အခန်းထဲမှာ ရှိနေခဲ့ပါက သူမ သေချာပေါက် အသက်တောင် ကောင်းကောင်းရှူနိုင်မှာ မဟုတ်ပေ။
Mary သည် အသက်ကိုပြင်းပြင်းရှုလိုက်ပြီးနောက် စာကြည့်တိုက် အခန်းတံခါးကို နှစ်ခါ ခေါက်လိုက်သည်။
စာကြည့်တိုက်ထဲသို့ ဝင်ရန် တံခါးခေါက်ဖို့ ကြိုးစားခဲ့သည်က ဤသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။သို့သော် စာကြည့်တိုက်အထဲမှ မည်သည့်အသံမျှ မကြားရချေ။ သူ တံခါးခေါက်သံကို မကြား၍ဖြစ်မည်ဟု Mary တွေးလိုက်မိသည့်အတွက် လက်သီးတွင် အားပိုထည့်ကာ တံခါးကို ခပ်ပြင်းပြင်း ထပ်ခေါက်ခဲ့သည်။ထို့နောက် တံခါးနားသို့ ကပ်၍ နားထောင်ကြည့်ရာ မည်သည့်တုန့်ပြန်မှုမှ ရှိမလာခဲ့ပေ။
သူ စာကြည့်တိုက်ထဲမှာ မရှိဘူးလား?
စာကြည့်တိုက်သည် တစ်ယောက်တည်း သုံးလို့ရသည့် နေရာမဟုတ်ပေ။ မည်သူမဆို အသုံးပြုနိုင်သည့် နေရာဖြစ်သည်။
ငါ ဝင်သွားလိုက်ရမလား?Mary စာကြည့်တိုက်တံခါးကို တတ်နိုင်သမျှ ဂရုတစိုက်ဖြင့် ဖွင့်လိုက်သည်။ တံခါးသည် အသံတစ်စုံတစ်ရာ မထွက်ဘဲ ပွင့်သွားခဲ့၏။
![](https://img.wattpad.com/cover/364887614-288-k728056.jpg)
YOU ARE READING
မြို့စားကြီးရဲ့ဒုက္ခအိုး သမီးဆိုးလေးက တစ်ယောက်ထဲပဲ နေချင်လို့ပါ!!!
RomanceWeekly update- Fri & Sat & Sun Status in COO_ Chapter226+side story *credit to author 윤로체 and English translator*