Unicode
အခန်း (၁၈)
" သခင်မလေး Mary? "ငါ အတွေးထဲမှာ နစ်မျောနေခဲ့သည်။ထိုအမျိုးသမီးသည် ဇဝေဇဝါဖြစ်နေသော အသံဖြင့် ငါ့ကို ခေါ်လာ၏။ထိုမှသာ အသိပြန်ဝင်လာပြီးနောက် ငါ့ရှေ့က အမျိုးသမီးကို ကြည့်လိုက်မိတော့သည်။
စဉ်းစားကြည့်လိုက်မှ ငါ့ကိုကယ်ခဲ့တဲ့ ဒီအမျိုးသမီးရဲ့နာမည်ကိုတောင်မှ ငါမသိဘူးပဲ။
" စကားမစပ် ဘယ်သူလဲဟင်? "
" ဟားဟား "
အခုမှ သူမ မည်သူဖြစ်ကြောင်း မေးလာခြင်းက ရယ်စရာကောင်းနေသကဲ့သို့ ထိုအမျိုးသမီးသည် တိတ်တဆိတ် ရယ်မောလိုက်သည်။ငါလဲပဲ လိုက်ရယ်မိနေတော့သည်။အကြောင်းပြချက်မရှိပဲ ငါ့ရဲ့ပါးပြင်တွေတောင် နီရဲလာသလို ခံစားနေရ၏။
မင်းကို ကယ်ခဲ့တဲ့သူကို စောစောထဲက ဒီလိုမေးသင့်တာလေ Maryရဲ့...!
" နောက်ကျသွားတဲ့မိတ်ဆက်မှုအတွက် ငါ တောင်းပန်ပါတယ်နော်။ငါက Conlerမိသားစုရဲ့ Knightsအဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Hestia Taylorပါ "
" အို သမီး... "
" ငါ သိပါတယ်။မင်းလေးရဲ့ အနက်ရောင်ဆံနွယ်တွေကို မြင်ပြီးတဲ့နောက်မှာ ဘယ်သူက မသိပဲနေလိမ့်မလဲ? "
သူမသည် Conlerမိသားစု၏Knightတစ်ဦးဖြစ်ကြောင်း သိလိုက်ရပြီးနောက် ငါ တောင့်တင်းသွား၏။
Knightsတွေက အခု ဒီနေရာမှာ ရောက်နေကြတာ ဆိုတော့ငါ့အဖေနဲ့ Lucas က Knightsတွေကို ငါ့ကိုရှာဖို့ အမိန့်ပေးခဲ့တယ်လို့ ဆိုလိုတာလား?
အစကကို ငါ့မှာ ဒုက္ခပေးသူဆိုတဲ့ ပုံရိပ်တစ်ခု ရှိနေပြီး ဖြစ်တဲ့အတွက် သူတို့မျက်စိတစ်ချက်လွဲလိုက်မိရင်တောင်မှ ငါ ပျောက်ကွယ်သွားလိမ့်မယ်ဟု သူတို့ ထင်နေနိုင်တယ်။
တကယ်လို့ ငါကသာ ပြန်ပေးဆွဲခံရလုနီးပါးဖြစ်ခဲ့တယ်လို့ ပြောလိုက်ရင် သူတို့က " ဒီကလေးက တကယ့် Conler တစ်ယောက် ဟုတ်ရဲ့လား " လို့ တွေးကြလိမ့်မယ်။
" မင်း ဘာတွေ ဒီလောက်တောင် စဉ်းစားနေတာလဲ? "
" Knights တွေက သမီး ပျောက်သွားလို့ သမီးကို လိုက်ရှာနေကြတာလား? "
YOU ARE READING
မြို့စားကြီးရဲ့ဒုက္ခအိုး သမီးဆိုးလေးက တစ်ယောက်ထဲပဲ နေချင်လို့ပါ!!!
RomanceWeekly update- Fri & Sat & Sun Status in COO_ Chapter226+side story *credit to author 윤로체 and English translator*