Unicode
အခန်း ( ၆၉ )Mary က Gilbert ကို တစ်ခုခုတီးတိုးပြောလိုက်ပြီး နှစ်ယောက်သား ရယ်မောလိုက်သည်။ ၎င်းနောက် Gilbert က ရုပ်တည်ကြီး ပြန်ဖြစ်သွားပြန်သည်။ သူက Mary ၏နဖူးကို လက်ညိုးဖြင့် တောက်လိုက်ရင်း သူမ၏မှတ်စုစာအုပ်ကို ပြန်ပေးလာသည်။ Mary က မုန်ကုပ်ကုပ်ဖြင့် စာအုပ်ကိုဖွင့်ကြည့်နေသည်။
" သူတို့ ဘာလုပ်နေကြတာလဲ....? "
အနောက်တွင် တိတ်တိတ်လေးပုန်းကာ စပိုင်လုပ်နေခဲ့သော Aiden က မေးခွန်းထုတ်လိုသောလေသံ ထွက်ပေါ်လာရသည်။
Aiden သည် သူဒီကိုစရောက်ကတည်းက စံအိမ်ရှိလူတိုင်းသည် Mary အပေါ်တွင် အားနည်းကာ အလိုလိုက်ကြသည်ကိုတွေ့လိုက်ရသည်။ Rex Bluea က သူမ၏နောက်လိုက်တစ်ယောက်လိုပင်။ပြောစရာမလိုအောင် သူ့အဖေနှင့် အကြီးဆုံးအစ်ကိုကလဲ သူမကို အလိုလိုက်ကာ ဇီဇာကြောင်သည့် Theodore ကပင် သူမနှင့် ခင်မင်ရင်းနှီးနေသည်။
ဘယ်လိုကြောင့် လူတိုင်းက ထိုကလေးနှင့်ပတ်သတ်၍ အရူးအမူးဖြစ်နေကြလဲ သူ စောင့်ကြည့်နေခဲ့သော်လည်း သူကတော့ ထူးထူးခြားခြား ဘာမှ ရှာမတွေ့ခဲ့ပါ။
" Aiden "
သူ Gilbert နှင့် Mary ကို တိတ်တိတ်လေးချောင်းကြည့်နေချိန် Gilbert ၏မျက်လုံးများနှင့် အကြည့်ချင်းဆုံသွားခဲ့သည်။ Gilbert က Aiden ကို မေးခွန်းထုတ်လိုသော အကြည့်ပေးလိုက်တာ အနားလာဖို့ အမူအယာပြလိုက်ရင်း ထိုနေရာတွင် ဘာလို့ပုန်းနေသလဲ သိချင်နေပုံရသည်။ Aiden က ဘာမှမလုပ်သလို သရုပ်ဆောင်ရင်း ချောင်းတစ်ချက်ဟန့်ရင်း သူတို့ဆီ လျောက်လာခဲ့သည်။
" မင်း ဘာလာလုပ်တာလဲ? "
" အို မဟုတ်ဘူး ကျွန်တော်က ဒီတိုင်း အစ်ကိုနှစ်ယောက် ဘာတွေလုပ်နေကြတာလဲ သိချင်ရုံပါ "
" သြော် Mary ကို စာသင်နေတာလေ "
Gilbert ၏ တုံ့ပြန်မှုကြောင့် Aiden စိတ်ရှုပ်ထွေးမှုအချို့ကို ခံစားလိုက်ရသည်။ Mary က Aiden ကို တွေ့လိုက်ချိန်၌ နှုတ်ခမ်းကို ဆူရင်း သူမ၏မှတ်စုစာအုပ်ကို ဂရုတစိုက်ဖြင့် လက်မောင်းထဲကို ဖွက်လိုက်သည်။ သူမသည် ထိုစာအုပ်ကို Aiden ကို ပြဖို့ ရှက်ရွံ့နေပုံရ၏။

YOU ARE READING
မြို့စားကြီးရဲ့ဒုက္ခအိုး သမီးဆိုးလေးက တစ်ယောက်ထဲပဲ နေချင်လို့ပါ!!!
RomanceWeekly update- Sat & Sun Status in COO_ Chapter226+side story *credit to author 윤로체 and English translator*