Chapter (42)

688 59 2
                                    

Unicode
                အခန်း (၄၂)
 
“ Padula ကမ်းရိုးတန်းက အခြေအနေဘယ်လိုလဲ? ”
 
“ အဲ့ဒါက Conler နယ်မြေပိုက်နက်ရဲ့ ဒုတိယအကြီးဆုံး ဆိပ်ကမ်းမြို့ ဖြစ်လာပါလိမ့်မယ်  ”
 
ကံကောင်းထောက်မစွာဖြင့် Lacom နိုင်ငံက Conler ၏ Guild ( ကုန်သွယ်မှုအဖွဲ့အစည်း) ဖြင့် ကုန်သွယ်မှုပြုလုပ်ရန် လုံးလုံးလျားလျားကို ဆန္ဒရှိခဲ့သည်။ Lacom နိုင်ငံ၏အလားအလာကို အစောပိုင်းကတည်းက ကြိုမြင်ခဲ့သူ ဖြစ်သည့် Conler ၏ guild ကို အုပ်ချုပ်သူ Vincent Taylor သည် Lacom နိုင်ငံကို သွားရောက်ခဲ့သည်။ သူ၏ တည်ကြည်ခန့်ငြားသော အသွင်အပြင်နှင့် လေးနက်သော အပြုအမူများက Lacom ၏ ဘုရင်ကို အလွန်အထင်ကြီးသွားစေခဲ့သည်။ အမှန်စင်စစ်မှာ ထိုသူသည် Hestia Taylor ၏ အစ်ကို ဖြစ်သည်။
 
Taylor အိမ်တော်သည်  Conler ၏ အရင်းအနှီးဆုံး အယုံအကြည်ရဆုံး အိမ်တော်တစ်ခုအဖြစ် ရှိခဲ့သည်မှာ ကြာခဲ့ပြီ ဖြစ်သည်။ မူလက Taylor အိမ်တော်သည် မှော်ပညာကို စိတ်ဝင်စားခဲ့ကြပြီး မှော်တာဝါကိုတောင်မှ ဝင်ရောက်နိုင်ခဲ့ကြသည်။ ထို့အကြောင်းတရားကြောင့် သူတို့သည် Grand Duke Conler ၏ မှော်အတတ်၌ ဆွဲဆောင်ခံခြင်းလိုက်ရလေသည်။ ထိုအရာမှာ သူတို့တွင် မရှိခဲ့သည့် ထူးခြားအံ့ဩဖွယ်ကောင်းသောစွမ်းအား ဖြစ်ခဲ့သည်။

သို့သော် နောက်ပိုင်း၌ Taylor အိမ်တော်ကြီးတွင် အပြောင်းအလဲတစ်ချို့ ရှိလာခဲ့သည်။ Vincent ဟာ ကူးသန်းရောင်းဝယ်ရေးကို စိတ်ဝင်စားခဲ့ပြီး Hestia သည် ဓားရေးအတတ်ပညာ၌ ထင်ပေါ်ကျော်ကြားလာခဲ့သည်။ သူတို့နှစ်ယောက်သည် ၎င်းတို့၏ သက်ဆိုင်ရာ နယ်ပယ်အသီးသီးတွင် Conler အိမ်တော်ကြီးအတွက် အလုပ်ကြိုးစားခဲ့ကြသည်။
 
“ ကောင်းပြီ ”
 
ဤပြန်လည်နေရာချထားရေးစီမံကိန်းသည် မျိုးရိုးမြင့်တို့၏ ပိုင်နက်အတွင်းတွင် ရှိနေရင်တောင်မှ တော်ဝင်မိသားစု၏ ခွင့်ပြုချက်မရှိလျှင် လုပ်ဆောင်နိုင်မည် မဟုတ်ပေ။ သို့သော် ယခုတစ်ကြိမ်၌ ရွာသားများကို ရွှေ့ပြောင်းပေးဖို့ပြောလာသော တော်ဝင်အမိန့်တော်ကြောင့် Conler တို့အတွက် အဆင်သင့်စွာ အနိုင်ရသွားသည်ဟု ဆိုရပေမည်။

ဧကရာဇ်သည် ယခုလောက်ဆို သူလုပ်လိုက်မိသော အမှားကြောင့် ခေါင်းကိုက်နေလောက်ပြီ ဖြစ်သည်။

မြို့စားကြီးရဲ့ဒုက္ခအိုး သမီးဆိုးလေးက တစ်ယောက်ထဲပဲ နေချင်လို့ပါ!!!Where stories live. Discover now