Chapter (6)

931 60 2
                                    

Unicode 
                အခန်း (၆)

တောမှာ ထူထပ်ကာ အုံ့ဆိုင်းနေ၏။ ညကောင်းကင်ယံကိုပင် မမြင်ရအောင် ပိတ်ဆို့နေသော သစ်ကိုင်း ခြောက်များပင်လျှင် အချင်းချင်းနယ်နမိတ်ကို ကျူးကျော်နေသယောင်။

ထိုစဉ် လရောင်သည် သစ်ကိုင်းများကြားမှ ထိုးဖောက်ဝင်ရောက်လာပြီး ထိုအရာကပင် Estin၏မျက်နှာကို ပို၍အေးစက်လျက် ရှိစေ၏။

လူသားစားသားရဲဖြစ်သည့် Ursa သည် ရွာများတဝိုက်တွင် လှည့်ပတ်ကာ ဒုက္ခပေးနေခြင်းက Estinကို ခေါင်းကိုက်စေသည်။

စကားတစ်ခွန်းမှ မဆိုဘဲ Estin သည် ဝှက်ထားသော ဓားကို ထုတ်၍ ပတ်ဝန်းကျင်ကို သတိအနေအထားဖြင့် စောင့်ကြည့်နေခဲ့သည်။ အပြာရောင် ဓားသွားသည် လရောင်အောက်တွင် စူးရှစွာ တောက်ပနေလျှက်။

Estinသည် သူ့၏ဓားကို ကိုင်မြှောက်လိုက်ပြီး သူ့ရဲ့လက်ဖျံကို ဓားဖြင့် လှီးဖြတ်လိုက်သည်။ပေါ့ပါးသော ဓားချက်ပင်ဖြစ်သော်လည်း ဓားသွားမှာ အလွန်ထက်ရှနေသောကြောင့် သူ့ရဲ့အရေပြားကို အလွယ်တကူပင် ထိုးဖောက်သွားစေသည်။မကြာမီတွင် သွေးညှီနံ့ အချို့သည် Estin ၏ နှာသီးဖျားသို့ ပျံ့လွင့်လာတော့သည်။

သွေးညှီနံ့ကို ရသွားခဲ့သော Ursa သည် ၎င်းကိုယ်တိုင် အယောင်ပြကာ ပေါ်ထွက်လာခဲ့သည်။

မြောက်ဘက်ဆီမှတောက်ပသော အလင်းရောင်တစ်ခုသည် ဖျက်ခနဲ လက်သွားကာ ထိုအရာသည် Estinထံသို့ တဟုန်ထိုး ပြေးလာခဲ့သည်။တုန့်ဆိုင်းမှုတစ်စက်မှ မရှိခဲ့ဘဲ Estinသည် သူ၏မှော်အတတ်အချို့ ပါဝင်နေသော ဓားကိုကောက်ကိုင်ကာ Ursaထံသို့ ပြေးဝင်သွားခဲ့ပြီးနောက် ဓားဖြင့် ထိုးစိုက်လိုက်သည်။ ထိုထိုးနှက်မှုကြောင့် အူလမ်းကြောင်းတွင် ကြီးမားသော ဒဏ်ရာရသွားခဲ့သော Ursaအား ပြန်လည်ကုသခြင်း မပြုလုပ်နိုင်ရန် Estin သည် လိမ္မာပါးနပ်စွာဖြင့် သူ၏ လက်ကောက်ဝတ်အား လိမ်၍ ဒဏ်ရာပိုပြင်းသွားအောင် ထိုးစိုက်ရန် မမေ့ခဲ့ချေ။

သတ္တဝါကြီး၏သွေးနံ့သည် သူ၏သွေးနံ့ကို ဖုံးလွမ်းသွားခဲ့သည်။ Estinသည် သေဆုံးနေသော အကောင်ကြီးကို ခြေထောက်ဖြင့် တွန်းလိုက်ပြီး အမူအယာမဲ့စွာဖြင့် ထိုအကောင်ကြီး၏ လည်ပင်းအား ဓားဖြင့် လှီးဖြတ်လိုက်၏။

မြို့စားကြီးရဲ့ဒုက္ခအိုး သမီးဆိုးလေးက တစ်ယောက်ထဲပဲ နေချင်လို့ပါ!!!Where stories live. Discover now