Unicode
အခန်း (၁၇)သူမရဲ့ပုံစံက သေးသေးကွေးကွေး ဖြစ်နေတယ်ဆိုပေမဲ့ ငါက တောင်ကြိုတောင်ကြားမှာ ပြေးလွှားပြီး ကြီးပြင်းလာခဲ့ခြင်းဖြစ်သည်။ကိုယ်ခံအားနှင့် ပတ်သတ်လာရင်တော့ သူမဟာ အရွယ်ရောက်ပြီး သူတိုင်းထက် မနိမ့်ကျဘူးလို့ ယူဆရင်း ကိုယ့်ကိုကိုယ် ဂုဏ်ယူမိသည်။အခုအချိန်မှာတော့ ခြွင်းချက်မရှိ လူတွေအများကြီး ရှိလောက်မဲ့နေရာကိုပဲ ပြေးဖို့ လိုတော့၏။
Mary တစ်ယောက်ထဲ ပြေးရလျှင်တော့ ပိုမြန်ပြီး ပိုပြီးသက်တောင့်သက်သာ ရှိပေလိမ့်မည်။သို့သော် Carol၏လက်ကောက်ဝတ်ကို ကိုင်ထားပြီးပြေးနေရတော့ ကန့်သတ်ချက် ရှိနေခဲ့၏။နည်းနည်းလောက် ထပ်ပြေးလိုက်ပြီးနောက် အရိပ်ရတဲ့နေရာတစ်ခုမှာ ဝင်ပုန်းလိုက်သည်။
“ ဟာ့… ခဏ ခဏနေပါအုံး ”
သို့သော်ငြား ပြဿနာက Carol မဟုတ်ခဲ့ပေ။Peterသည် အသက်ပြင်းပြင်းရှုလိုက်ရင်း သေလုနီးပါးပင်ပန်းနေသော ပုံစံဖြင့် ပြောလာသည်။
“ ဟင့်အင်း နေ…နေပါအုံး ပြေး… ပြေး ပြေးတာ ရပ်…ရပ်အုံး… ”
“ ဟေး နင် ပြန်အဖမ်းခံချင်လို့လား? ”
“ ခဏနေပါအုံး…လူများတယ် အဆင်ပြေလောက်ပါပြီ ဟူး… ”
Mary ဟိုဟိုဒီဒီ ကြည့်လိုက်တော့ လူအနည်းစုရှိတဲ့ လမ်းထဲကို ဝင်လာခဲ့မိပုံရသည်။ဘာမှမတွေးဘဲ ပြေးနေခဲ့ပေမဲ့ လမ်းကြောင်းမှန်ပေါ် ရောက်ခဲ့ပုံပင်။ Mary စိတ်သက်သာရာရစွာ သက်ပြင်းတစ်ချက် ချလိုက်သည်။Carolသည်လည်း မောဟိုက်ကာ အသက်ရှုကြပ်နေခဲ့ပေမယ့် Mary ဘေးနားက Peter ကတော့ သွေးအန်တော့မလိုကို ချောင်းဆိုးနေတော့သည်။
အဲ့ဒါက နည်းနည်းလေးပဲ ပြေးတာကို။မင်းရဲ့ကိုယ်ခံအားက တော်တော်ကို အားနည်းတာပဲ။
ချောမောလှပစွာ မွေးဖွားလာတဲ့သူတွေ ဒီလိုပဲလား မသိဘူး။“ ငါ နားမလည်ဘူး။နင် စောနက ငါ့ကိုကယ်ဖို့ကြိုးစားခဲ့တာမလား? ”
“ …ဟုတ်တယ်လေ? ”
ကိုယ်ကိုကိုင်းကာ ချောင်းဆိုးနေရင်း ခေါင်းကို အနည်းငယ်မော့လာကာ မင်းက ဘာလို့ အဲ့ဒါကို မေးတာလဲဆိုပြီး မေးနေပုံရသည့် မျက်နှာမှာ ရယ်စရာကောင်းနေတော့သည်။
![](https://img.wattpad.com/cover/364887614-288-k728056.jpg)
YOU ARE READING
မြို့စားကြီးရဲ့ဒုက္ခအိုး သမီးဆိုးလေးက တစ်ယောက်ထဲပဲ နေချင်လို့ပါ!!!
RomanceWeekly update- Sat & Sun Status in COO_ Chapter226+side story *credit to author 윤로체 and English translator*