Unicode
အခန်း (၃၈)“ မင်းက တော်တော် အရှက်မရှိတာပဲ။ မင်းအမေ သေပြီးတာတောင် အေးအေးချမ်းချမ်း မအိပ်စက်နိုင်အောင် လုပ်ခဲ့တဲ့ စွမ်းရည်နဲ့ ဒီနေရာမှာ လာနေချင်နေတာလား ”
“ ..... ”
“ မင်းကိုယ်မင်း တစ်သက်လုံး ပျော်ရွှင်ရမယ်ထင်နေတာလား? ဒီလို မျိုးမစစ်သွေးတွေနဲ့ စက်ဆုပ်ရွံရှာဖို့ကောင်းတဲ့ စွမ်းရည်ရှိတဲ့ မင်းလိုကလေးက..... ”
“ ဟေး အဖိုးကြီး ”
Mary ထပ်ပြီး နားထောင်နိုင်ခဲ့တော့ချေ။ ထို့ကြောင့် Mary သူ့စကားတွေကို ဖြတ်ပြောပစ်လိုက်သည်။ Rex အပေါ် နှုတ်ဖြင့် စော်ကားလာမှုမှာ တရားလွန်သွားပြီ ဖြစ်သည်။ Mary Rex၏နားတွေကို ပိတ်ဆို့ထားခဲ့ချင်ပေမဲ့ အရင်ဆုံး Baron Bruno ကို တတ်နိုင်သမျှ အဆိပ်ပြင်းသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။
“ မင်း ငါ့ကို အဖိုးကြီးလို့ ခေါ်ခဲ့တာလား? ”
“ ဟုတ်တယ်လေ အဖိုးကြီး ”
Mary၏ ရဲတင်းသော စကားလုံးတွေကြောင့် Bonita နှင့် အိမ်တော်ထိန်း Alberto တို့မှာ သူမကို ဖြူဖျော့နေသော မျက်နှာဖြင့် ကြည့်လာခဲ့ကြသည်။ သို့သော် သူမ၏ လွတ်လပ်သော စိတ်ဝိညာဉ်မှ မရပ်တန့်ရန် အော်ဟစ်နေခဲ့သည်။
Mary သည် Rex ၏ လက်ကို တစ်ခါပြန်ပြီး ဆုပ်ကိုင်ခဲ့ကာ ၎င်းမှာ မင်းရဲ့ တစ်ဦးတည်းသော အစ်မကို ယုံကြည်ပေးဖို့ ရည်ရွယ်သည်။
“ မင်းက စံအိမ်ကြီးကို ရောက်တာ သိပ်မကြာသေးတော့ ဘယ်လိုပြုမှုရမယ် ဆိုတာကို မသင်ရသေးဘူးပဲ.... ”
“ အို ဒါဖြင့် ရှင်ကသာ ဒီစံအိမ်ကြီးကိုလာပြီး သင်ယူသင့်တာ ”
“ ဘ ဘာပြောတယ်? ’
“ Mary! ”
ဒေါသတကြီးဖြစ်ကာ ပုံပျက်ပန်းပျက် တစ်ရှူးရှူးတစ်ရှဲရှဲ ဖြစ်လာခဲ့သော Baron Bruno နှင့် ဆန့်ကျင်စွာ Mary သည် တဖြည်းဖြည်း တည်ငြိမ်လာခဲ့သည်။ထို့နောက် Mary သည် Rex ၏လက်ကို လွှတ်လိုက်ပြီး သူ့ကို သူမ၏နောက်ကျောဘက်တွင် နေခိုင်းလိုက်သည်။
“ ကောင်းပြီ ဒီမှာ ဘယ်သူက ကျင့်ဝတ်တွေကို သင်ယူသင့်တာလဲ ? ”
YOU ARE READING
မြို့စားကြီးရဲ့ဒုက္ခအိုး သမီးဆိုးလေးက တစ်ယောက်ထဲပဲ နေချင်လို့ပါ!!!
RomanceWeekly update- Fri & Sat & Sun Status in COO_ Chapter226+side story *credit to author 윤로체 and English translator*