Chapter (14)

938 63 0
                                    

Unicode
                 အခန်း (၁၄)

Giefroyမြို့ကို ခေတ်မှီပြီး စနစ်ကျစွာ ဖွဲ့စည်းထားသည်။အမှန်တကယ်ကိုပင် ဤမြို့သည် Conlerနယ်မြေ ဖြစ်ထိုက်၏။မြို့ကြီးတစ်မြို့ကဲ့သို့ ခေတ်မှီစွာ သက်ဝင်လှုပ်ရှားနေသော်ငြား အလွန်အကျွံ လူများပြားနေတာလဲ မဟုတ်ပေ။မကြာသေးမီက နယ်မြေအတွင်းတွင် ကြီးမားသော မြို့ပြစီမံကိန်းတစ်ခုကို ဆောင်ရွက်ခဲ့သည်ဟု ဆိုသည်။Conlerမိသားစုမှ လူအများအပြားသည် ဤမြို့ကိုဖွဲ့စည်းရာ၌ ၎င်းတို့၏ အကြံဉာဏ်များကို မျှဝေခဲ့ကြမည်ဟု ခန့်မှန်းမိသည်။

ငါပဲ ကိုယ့်ကိုယ်ကို သတိအရမ်းရှိနေလို့များလား?

သတိမထားမိဖို့ ကြိုးစားခဲ့ရင်တောင်မှ ဖြတ်သွားတဲ့လူတိုင်းက သူမကို စိုက်ကြည့်နေကြသည်ကို ခံစားနေရသည်။အမျိုးသမီးတစ်ယောက်ဆိုလျှင် သူမရဲ့ကလေးက Maryကို စိုက်ကြည့်နေသောအခါ ကလေးရဲ့လက်ကိုဆွဲ၍ ပျောက်ကွယ်သွားသည်။

ဘာလဲ?

ဟင် ငါက အဲ့လောက်တောင် လှတာလား?

Gilleနဲ့ Lucas တို့ရဲ့ ချီးကျူးတဲ့မိုးကြီးကို တစ်ဝကြီးချိုးပြီးတဲ့နောက်မှာ Mary ထိုကဲ့သို့ သဘာဝကျကျ တွေးမိလာတော့သည်။Mary ဒီလိုမျိုး တွေးနေတာကို သူတို့သိပါက သူမကို ထပ်ပြီး စလာကြအုံးမည်ဖြစ်သည်။

သူတို့က ငါဟာ Conlerမိသားစုရဲ့ အငယ်ဆုံးသမီးလေးဆိုတာကို သိသွားခဲ့ကြတာများလား???

သူတို့ရဲ့ အကြည့်တွေက Mary ကို စိတ်မသက်မသာဖြစ်စေတဲ့အတွက် သတိမထားမိဘဲ လူသိပ်မရှိတဲ့ဘက်ကို သွားနေမိသည်။

အဆုံးမရှိ လမ်းလျောက်ခဲ့ပြီးနောက် သူမရဲ့ခြေလှမ်းများကို ရပ်တန့်စေသော နေရာမှာ အရုပ်ဆိုင်တစ်ဆိုင် ဖြစ်သည်။

ချစ်စဖွယ်မွေးပွအကောင်ရုပ်လေးများက Mary ကို ဆိုင်ထဲသို့ဝင်ရန် လက်ယပ်ခေါ်နေသယောင်။

ဒီဆိုင်ဟာ မိန်းကလေးတစ်ယောက်ရဲ့ အိမ်မက်ပဲမလား?

ဒါပေမဲ့ ငါ့ရဲ့အိပ်ကပ်ထဲကို နှိုက်ကြည့်လိုက်တော့ ဘာမှရှာမတွေ့…

ဟာ့…သက်ပြင်းသေးသေးချရင်း ပြန်လှည့်ခဲ့မိသည်။

တလက်လက် တောက်ပနေသော အရုပ်များကို မကြည့်မိစေဖို့ ခေါင်းငုံ့ထားရင်း လျောက်လိုက်စဉ်တွင်  တစ်စုံတစ်ယောက်ကို တိုက်မိသွားခဲ့သည်။

မြို့စားကြီးရဲ့ဒုက္ခအိုး သမီးဆိုးလေးက တစ်ယောက်ထဲပဲ နေချင်လို့ပါ!!!Where stories live. Discover now