Unicode
အခန်း ( ၇၆ )တစ်ယောက်နဲ့တစ်ယောက်စိုက်ကြည့်နေခဲ့သော သူတို့နှစ်ယောက်ကြောင့် Mary တစ်ယောက် ထွက်သွားဖို့ တွန်းအားပေးခံလိုက်ရသလိုမျိုး ခံစားလိုက်ရသည်။ တတိယဘီးလုံးလေးဖြစ်တဲ့ သူမက ထွက်သွားသင့်ပြီ။ ယခုသေချာကြည့်မိတော့ သူတို့နှစ်ယောက်က အလွန်လိုက်ဖက်ပြီး ကြည့်ကောင်းလှသည်။ မူရင်းဇာတ်ကြောင်းအရ ဤသည်မှာ မှန်ကန်သောအစပြုခြင်းတစ်ခုပင်။ Mary က ဤအခိုက်အတန့်မျိုးမှာ ရှိနေရမည့်သူမဟုတ်ပေ။ မှန်သည်။ Mary သိသည်။ ၎င်းကိုသိသော်လည်း Mary အနည်းငယ်တော့ စိတ်မကောင်းဖြစ်နေမိသည်။ အမှန်တော့...သူမ Astina နှင့်မတွေ့ရသည်မှာ အတော်လေးကိုကြာနေပြီဖြစ်သည်။ Mary သူမကို ပြောချင်သောအရာများလဲ များစွာရှိနေခဲ့သည်။
" ဒါဆို ငါ သွားတော့မယ် "
တစ်နေ့နေ့တွင် Astina နှင့်ထပ်ဆုံဖို့ အခွင့်အရေးရှိလာပါလိမ့်မည်။ အကယ်၍ Mary သာ အခုချိန်ထွက်မသွားဘဲ သူတို့၏လမ်းကြောင်းမှာ ပိတ်နေမိလျှင် Nicor သို့ သွားရမည်ဖြစ်သည်။
အိုး! ဟုတ်သားပဲ!
ငါ Demimore ကို laminicho ပေးရအုံးမယ်..
" နင် ဘယ်သွားမလို့လဲ? "
" မင်း ဘယ်သွားမလို့လဲ? "
Mary တစ်ယောက် ရှောင်ထွက်သွားဖို့ပြင်နေချိန်တွင် Demimore နှင့် Astina က Mary ကို ကြည့်ရင်း တစ်ပြိုင်နက်တည်း စကားပြောလာကြသည်။
ဟမ်?
Mary က အနည်းငယ်ထိတ်လန့်သွားသော်လည်း သူတို့နှစ်ယောက်က ဂရုမစိုက်ဘဲ သူမကိုသာ စိုက်ကြည့်နေခဲ့ကြသည်။
အခုအခြေအနေကြီးက..နည်းနည်းတော့...
သူတို့နှစ်ယောက်ထဲရှိရတာ ကိုးရိုးကားရားဖြစ်လို့များ ငါ့ကို့အသုံးချနေကြတာလား?
" အာ ငါ သွားရတော့မယ်ထင်တယ် "
" မတွေ့ရတာ ကြာလှပြီလို့ Mary! "
Mary ၏ ကြောင်မျက်လုံးလေးများနှင့် ဆန့်ကျင်ဘက်ဖြစ်သော Astina ၏ မျက်လုံးလေးများသည် တဖြည်းဖြည်း မှိန်ဖျော့လာသည်။ ၎င်းမှာ Astina စိတ်မကောင်းဖြစ်ချိန်တွင် ထွက်ပေါ်လာတတ်သော သူမ၏ထူးခြားသော အမူအယာတစ်ခုဖြစ်သည်။ ငိုနေသည့်ပါပီလေးနဲ့တူသော Astina မှာ အမှန်ပင် အန္တာရာယ်များလှသည်။

YOU ARE READING
မြို့စားကြီးရဲ့ဒုက္ခအိုး သမီးဆိုးလေးက တစ်ယောက်ထဲပဲ နေချင်လို့ပါ!!!
RomanceWeekly update- Sat & Sun Status in COO_ Chapter226+side story *credit to author 윤로체 and English translator*