Unicode
အပိုင်း (၃၆)မနက်ခင်း အိပ်ယာနိုးနိုးချင်းမှာပဲ Bonita က Maryကို အပြုံးကြီး တစ်ခုဖြင့် ဆေးတစ်ပုလင်းအား ပေးလာခဲ့သည်။ စိမ်းဖျော့ဖျော့အရည်မှာ ကြည့်ရသည်မှာ အလွန်တရာမှ ခါးမည့်ပုံပင်။ ထို့ကြောင့် Mary တစ်ယောက် ရှုံ့မဲ့နေသော အမူအရာကို သတိမထားမိစွာ ပြုလုပ်မိလိုက်သည်။
“ သခင်မလေး ဒါကို အကုန်သောက်ရမှာနော် ”
“ ဒါက ဘာကြီးလဲ? ”
“ ဒါက အစာကြေဖို့ ကူညီပေးတဲ့ ဆေးတစ်မျိုးပဲ။ဒီဆေးက tralocho ကနေ ပြုလုပ်ထားတာဆိုတော့ အရမ်းကို ထိရောက်မှု ရှိလိမ့်မယ် ”
ဒီကမ္ဘာပေါ်မှာရှိတဲ့ ဆေးတွေအားလုံးမှာ ဆေးဖက်ဝင်အပင်တွေအပေါ်၌ အခြေခံထားပုံရသည်။
ငါ ပြောချင်တာကကွာ...ဆေးဖက်ဝင်အပင်တွေက အရမ်းကို ခါးတယ်လို့!ထိုစကားလုံးများမှာ Mary ၏မျက်နှာပေါ်တွင် ရေးထားသလို ပေါ်နေ၏။ Bonita က Mary ၏ ထိတ်လန့်သွားတဲ့ ပုံစံမှာ ရယ်စရာကောင်းနေသကဲ့သို့ ရယ်မောခဲ့ကာ ပုလင်းအဖုံးကို ဖွင့်လိုက်ပြီးနောက် ပြောလာခဲ့သည်။
“ မနေ့ညက သခင်လေး Gilbert က ဒီဆေးကို အထူးတလည် ယူလာပေးခဲ့တာ ”
......Gilbert ?
Bonita ပေးခဲ့သော ဆေးပုလင်းအား ပြန်ကြည့်လိုက်မိ၏။ မထင်မှတ်ထားသော လူတစ်ယောက်က ဆေးအချို့ကို ယူလာပေးခဲ့သည်။
“ မနေ့က သူ သခင်မလေးကို စိတ်ပူနေခဲ့လို့ ဖြစ်မယ်။ သခင်မလေး အိပ်မောကျသွားပြီးတဲ့နောက်မှာ သူ ဆေးကို ယူလာပေးခဲ့တာ ”
Bonita ၏ အပြုံးမှာ Gilbert က Mary ကို ဆေးယူလာပေးခဲ့သဖြင့် အလွန်ကို ပျော်ရွှင်နေပုံရသည်။
ဟုတ်တာပေါ့။ Gilbert ဟာ အပြစ်ရှိသလို ခံစားခဲ့ရလို့ Mary အရမ်းကို ဝမ်းသာမိပါသည်။ သူ Maryကို မုန်းတယ်လို့ သူမ ထင်နေခဲ့တာ ဒါပေမဲ့....
ဒါပေမဲ့ ဒီဆေးကြီးက ခါးမဲ့အနံ့ကြီး။ ငါ ဒါကို အကုန်သောက်ဖို့ လိုလို့လား?
“ သမီး ဘာမဖြစ်ပါဘူး တကယ်ကို အဆင်ပြေတယ်လေ... ”
“ သခင်မလေးက မကြာခင် နေ့လည်စာ စားရတော့မှာပဲ ။ လိုရမယ်ရပေါ့ ။ ဒီနေ့ Tom က သခင်မလေးအတွက် အထူးစပါယ်ရှယ်အချိုပွဲ ပြင်ထားတယ်လို့ ပြောတယ်နော်။ အဲ့တော့ သခင်မလေး အများကြီး စားသင့်တယ်လေ ”

YOU ARE READING
မြို့စားကြီးရဲ့ဒုက္ခအိုး သမီးဆိုးလေးက တစ်ယောက်ထဲပဲ နေချင်လို့ပါ!!!
RomanceWeekly update- Sat & Sun Status in COO_ Chapter226+side story *credit to author 윤로체 and English translator*