Unicode
အခန်း (၄၃)“ ပထမမင်းသား လာလည်မယ်! ”
“ သူတို့က ပြန်လည်နေရာချထားရေးစီမံကိန်းကို စောင့်ကြည့်ချင်ပြီး Mary ကိုလဲ စစ်ဆေးချင်လို့ ဖြစ်ရမယ် ”
Lucas သည် ထိတ်လန့်သွားကာ သူ့လက်ထဲရှိ စာကို ကြွေမွသွားအောင် ပြုလုပ်လိုက်မိသည်။
ပထမမင်းသား နယ်မြေအတွင်းသို့ လာလည်မည်ဟူသော သတင်း၌ Grand Duke Estin သည် Lucas ထံမှ လက်ခံရရှိသော ကြေမွနေသော စာတိုလေးအား မှော်အတတ်ဖြင့် မီးရှို့ပစ်ခဲ့သည်။
ပထမမင်းသား Conler နယ်မြေသို့ လာလည်ရခြင်းမှာ သေချာပေါက်ကို ဧကရီ၏အကြံဉာဏ် ဖြစ်မည်။
Conler မိသားစုအား စောင့်ကြည့်ကာ ထိန်းသိမ်းထားလိုသော ဧကရာဇ်နှင့် ဆန့်ကျင်စွာ ဧကရီသည် Conler မိသားစုနှင့် နီးစပ်လိုသည်။ ထို့အတွက်ကြောင့် ပထမမင်းသားက ဤနေရာသို့ လာခြင်း ဖြစ်၏။ဧကရာဇ်သည် ဧကရီ၏ဆန္ဒကို မလွန်ဆန်နိုင်ဘဲ သဘောတူခဲ့တာ ဖြစ်မည်။
ပွင့်ပွင့်လင်းလင်းဆိုရလျှင် Estin သည် တော်ဝင်မိသားစု၏ ဆန္ဒရှိသလို လုပ်ဆောင်နေမှုများအား အတော်လေးကို စိတ်ကုန်နေလှပြီဖြစ်သည်။ထို့ကြောင့် သူတို့သည် စာမျက်နှာတစ်ခုထဲတွင် မည့်သည့်အခါမျှ အတူရှိနိုင်မည် မဟုတ်။
ပြန်လည်ထူထောင်ရေးစီမံကိန်းမှအစ Baron Bruno အား အပြစ်ပေးခြင်းအဆုံး သူတို့တွင် လုပ်စရာကိစ္စများစွာ ရှိနေခဲ့သည်။ထို့အပြင် ယခု သူတို့သည် ပထမမင်းသားကိုပါ ကြိုဆိုရပေအုံးမည်။
တော်ဝင်မိသားစု သို့မဟုတ် ပထမမင်းသား လာလည်ခြင်းမှာ အခြားနယ်မြေများအတွက်ဆိုလျှင် ဂုဏ်ယူစရာတစ်ခု ဖြစ်သည်။ သို့သော် Conler မိသားစုအတွက်မူ ၎င်းမှာ ဒုက္ခပေးသည့် အရာများထဲမှ တစ်ခု ဖြစ်၏။
“ ပထမမင်းသားကို ကြိုဆိုရမဲ့ ကိစ္စအဝဝကို Bonita နဲ့ Alberto ကို လွဲပေးလိုက်မယ် ”
“ Bonita တော့ အလုပ်ရှုပ်နေတော့မှာပဲ ”
“ ငါသိပြီ... ”
Bonita သည် Conler အိမ်တော်တွင် အချိန်အကြာကြီး အလုပ်လုပ်ခဲ့သည့် အိမ်အကူဖြစ်သောကြောင့် Conler အိမ်တော်၏ထောင့်တိုင်းပါမကျန် Bonita မသိသောနေရာဟူ၍ မရှိပေ။ ထို့အတွက်ကြောင့်ပင် ညီအစ်ကိုသုံးယောက်နှင့် Mary ကို Bonita အား လုံးဝဥဿုံ ယုံကြည်စိတ်ချစွာ အပ်နှင်းခဲ့ခြင်းဖြစ်သည်။

YOU ARE READING
မြို့စားကြီးရဲ့ဒုက္ခအိုး သမီးဆိုးလေးက တစ်ယောက်ထဲပဲ နေချင်လို့ပါ!!!
RomanceWeekly update- Sat & Sun Status in COO_ Chapter226+side story *credit to author 윤로체 and English translator*