Unicode
အခန်း ( ၆၃ )ဒီနေ့က မြှားပစ်ဖို့အတွက် အရမ်းကို ပြီးပြည့်စုံတဲ့ နေ့တစ်နေ့ပဲ။ ဒါပေမဲ့ ဘာလို့ ဒီနေရာမှာ ဘာအကောင်မှ မရှိရတာလဲလို့!!!
Mary ဘယ်လိုပဲ သစ်ပင်တွေနောက်မှ ပုန်းလျှိုးကွယ်လျှိုးသွားနေခဲ့သော်လည်း ကြွက်လေးတစ်ကောင်တောင် ဖြတ်မသွားခဲ့။
အာ...ငါ ခုဏက တွေ့တဲ့ယုန်ကို ဖမ်းလိုက်ရမှာ။
" အာ့!!! "
Mary တစ်ယောက်် ဟိုဟိုဒီဒီတွေးနေခဲ့ချိန်တွင် အစောက တွေးခဲ့ရသော ယုန်လေးက Mary ခြေထောက်နားကို ပြန်ရောက်လာခဲ့သည်။ Mary အောက်ကို ထိုင်ချလိုက်ပြီး ယုန်လေးကိုု ကိုင်လိုက်သည်။
" ဆောရီးနော် ယုန်လေး "
ငါ ဘယ်လောက်ပဲ အနိုင်ရချင်စိတ်ပြင်းပြနေခဲ့ပါစေ မင်းကို ပစ်ဖို့တော့ မစဥ်းစားသင့်ဘူး။
Mary က ယုန်၏ မျက်လုံးနီနီလေးတွေကို ကြည့်ရင်း Peter ကို သတိရမိသွားသည်။
Peter ရော ဘာတွေလုပ်နေလောက်မလဲ?
ဟူး...အခုချိန်က သူ့ကို စိတ်ပူရမဲ့ အချိန်မဟုတ်ပါဘူးလေ။
" မင်းက ငါနဲ့လိုက်ချင်လို့လား ယုန်ကလေး? "
ဘာကြောင့်ရယ်မသိ ယုန်က ခေါင်းငြိမ့်ပြလိုက်သည်ဟူ၍ Mary ခံစားလိုက်ရသည်။ သူမ တစ်ယောက်ထဲဖြစ်ပြီး အထီးကျန်နေတာကြောင့် မှားမြင်မိတာလဲ ဖြစ်နိုင်ပါသည်။ သို့သော် Mary သည် ထိုယုန်လေးနှင့် ဆက်ပြီး စကားပြောနေမိသည်။
" မင်းကို နာမည်ပေးစေချင်လား? "
Mary သည် ယုန်ကို လက်ထဲတွင် ပွေ့ဖက်လိုက်ရင်း အမွေးတွေကို ပွတ်သပ်ပေးလိုက်သည်။ ယုန်၏အမွေးလေးမှာ နူးညံ့ပျော့ပြောင်းပြီး သက်တောင့်သက်သာရှိလှသည့်အတွက် Mary ၏ စိုးရိမ်ပူပန်မှုများမှာ အနည်းငယ်ငြိမ်သက်သွားခဲ့သည်။
" Kangchong(깡총)! မင်း ဘယ်လိုထင်လဲ? အဲ့ဒါက တော်တော်လေးကို သန်မာပြီး မိုက်တဲ့ ခံစားချက်ရှိတယ် "
[ t/n 깡총 ကို ကိုယ်ရှာကြည့်တာတော့ သေနတ် ( gun ) တဲ့ ]
ဒါပေမဲ့ ဒီမှာက သေနတ်မရှိဘူး။ ငါ့မှာ သေနတ်အစား လေးနဲ့ မြှားပဲရှိတယ်။ သေနတ်တစ်လက်လောက်ရှိရင် ကောင်းမှာ... သေနတ်ကိုမြင်ရင် သူတို့တွေက လေးပစ်တာထက်တောင် ပိုပြီး သူရဲဘောကြောင်တယ်လို့ ပြောကြမလားမသိဘူး။

YOU ARE READING
မြို့စားကြီးရဲ့ဒုက္ခအိုး သမီးဆိုးလေးက တစ်ယောက်ထဲပဲ နေချင်လို့ပါ!!!
RomanceWeekly update- Sat & Sun Status in COO_ Chapter226+side story *credit to author 윤로체 and English translator*