Chapter (28)

760 54 1
                                    

Unicode
                 အခန်း (၂၈)

“ သခင်မလေး နိုးနေပြီလို့ ကြားတယ် ”

ယာဂုကို အပြီးသတ်နေတဲ့ Maryကို Bonita က ကြည့်နေခဲ့စဉ်တွင် Hestia တစ်ယောက် အပြေးအလွှား ဝင်လာခဲ့သည်။ Hestia က Maryအနားကို ကပ်လာခဲ့ပြီး အဖျားကို စစ်ဆေးဖို့ရန်အလို့ငှာ သူမ၏လက်များဖြင့် Mary၏နဖူးကို ထိကပ်လာခဲ့၏။

သူမ၏လက်များဟာ အေးစက်နေခဲ့တဲ့အတွက် နေလို့ကောင်းလှသည်။

“ တော်သေးတာပေါ့။ အဖျားကျသွားပြီ ”

“ သခင်မလေးက ပုံမှန်ထပ်လဲ ပိုပြီး စားခဲ့တယ် ”

“ ကုသဆေးက တကယ်ကို ထိရောက်မှုရှိတာပဲ ”

Bonita သည် အလွန်ကို စိုးရိမ်နေခဲ့တဲ့ Hestia ၏စိတ်ပူမှုတွေကို လျော့ကျသွားစေဖို့ Maryရဲ့အခြေအနေတွေကို ပြောပြပေးနေခဲ့သည်။ Hestia သည် သက်ပြင်းချနိုင်သွားကာ Maryရဲ့နဖူးကို ထိတွေ့နေသော သူမ၏လက်များကို ဖယ်လိုက်ပြီးနောက် နဖူးပြင်တွင် ကျနေသော ဆံစလေးကို သပ်ပေးလိုက်သည်။

“ ကျေးဇူးပြုပြီး နောက်တစ်ခါ အဲ့လိုထပ်မလုပ်နဲ့တော့နော်။ ကျွန်မ ဘယ်လောက်တောင်ထိတ်လန့်သွားခဲ့ရလဲ သခင်မလေး သိရဲ့လား? ”

“ ဟုတ်.... ”

“ သခင်မလေးက ကျွန်မကို ကြောက်လန့်သွားစေခဲ့တယ်! ထပ်ပြီး မနာကျင်ပါစေနဲ့ ”

Hestia ၏ ချိုမြိန်သော်လည်း တင်းမာနေခဲ့သောအသံက Mary လုပ်ခဲ့မိသော အရာကို ပြန်ပြီး သတိပေးနေသယောင် ရှိ၏။

“ သမီး Hestia ပြောတာကို သေချာနားထောင်ပါ့မယ် ”

“ သခင်မလေးက အဲ့လိုသနားစရာကောင်းတဲ့ ကြောင်မျက်လုံးလေးတွေနဲ့ ကြည့်နေမှတော့ ကျွန်မ မဆူနိုင်တော့ဘူး ”

“ မင်း သခင်မလေးကို ဆူခဲ့မိရင် တစ်မိနစ်က တစ်နှစ်လောက် ကြာသလိုကို ခံစားနေရလိမ့်မယ် ”

Bonita ၏ စနောက်လာသော စကားက Hestia ကို ရယ်မောစေခဲ့သည်။ Hestia ရဲ့ အပြုံးကို မြင်လိုက်ရတဲ့အတွက် သူမရဲ့လေးလံနေခဲ့သော နှလုံးသားဟာ သက်သာရာ ရသွားခဲ့ပါသည်။ ရယ်မောနေခဲ့သော Hestia သည် ရုတ်တရက် “ အာ! ” လို့ ပြောလိုက်ရင်း တစ်စုံတစ်ရာ ကို သတိရသွားခဲ့ပုံပေါ်၏။

မြို့စားကြီးရဲ့ဒုက္ခအိုး သမီးဆိုးလေးက တစ်ယောက်ထဲပဲ နေချင်လို့ပါ!!!Where stories live. Discover now