Chapter (34)

732 67 4
                                    

Unicode
                 အခန်း (၃၄)

Gilbert Conler
Conler မိသားစုကြီး၏ အကြီးဆုံးသား ၊ Grand Duke Estin နှင့်  အတူဆုံးသူဟူ၍ သတ်မှတ်ခံရတဲ့ သူအဖြစ် Mary သူ့ကို မှတ်မိခဲ့ပါသည်။ အကယ်၌ ဝတ္ထုထဲမှာ သူ့ကို ထိုသို့ ဖော်ပြမထားခဲ့ရင်တောင်  သူ၏ပုံပန်းသွင်ပြင်နှင့် အင်္ဂါရပ်တွေဟာ Grand Duke Estin နှင့် ဆင်တူသည်ကို  ခံစားမိခဲ့သည်။

အထူးသဖြင့်... သူ့ရဲ့မျက်နှာပေါ်က အဲ့ဒီအေးစက်စက် အကြည့်တွေ။

“ Gilbert ရောက်နေပြီ! ”

အနောက်မှ Bonita ၏ ကြိုဆိုသော အသံကို ကြားလိုက်ရအချိန်၌ အချိန်ခဏလောက်အထိကို Mary သူ့ကို စိုက်ကြည့်နေခဲ့သည်။ Bonita သည် ပြေးလာခဲ့ကာ Gilbert ၏ ခရီးဆောင်အိတ်ကို ကောက်ယူလိုက်သည်။ ထိုအချိန်အတွင်းမှာကို Gilbert ၏ အကြည့်များမှာ Mary ဆီက ဖယ်ခွာမသွားခဲ့ချေ။ ၎င်းမှာ အလွန်ကို တည်ကြည်လှသော အကြည့်တစ်ခု ဖြစ်၏။

“ အိုး Grand Duke က ဒီနေ့ မြို့ပြင်ကို ထွက်သွားတယ် ”

“ ကျွန်တော်သိတယ်။ အဖေက အကြိုစစ်တမ်းတစ်ခု ကောက်ယူနေခဲ့တာ ”

“ သခင်လေးရဲ့ မွေးနေ့မှာ သခင်လေးကို ဒီမှာ ရှိစေချင်ခဲ့တာ။ Gilbert-nim သခင်လေး အရပ်ပိုရှည်လာတယ်! ”

“ Bonita အလုပ်တွေအများကြီးနဲ့ မအားလပ်ဘူးလို့ ကျွန်တော်ကြားတယ်။ ဒါနဲ့ နေကောင်းရဲ့လား Bonita? ”

Bonita ၏ ကြင်ကြင်နာနာ စကားများကြောင့် Gilbert ၏အကြည့်မှာ နောက်ဆုံးမှာတော့ Bonita ဆီသို့ ရောက်သွားခဲ့သည်။ ထိုအကြည့်မှ လွတ်မြောက်သွားပြီးနောက်မှာမှ Mary သက်သာရာ ရသွားသော သက်ပြင်းလေး တစ်ခု ချလိုက်မိသည်။ သူတို့ Conler စံအိမ်ကြီး မွေးဖွားလာစဉ်ကတည်းက Bonita က သူတို့ညီအစ်ကို သုံးယောက်လုံးကို ပြုစုစောင့်ရှောက်ခဲ့သည်ဟု ဆိုသည်။

“ နေကောင်းတယ် သခင်လေး။ ကျွန်မက ကျွန်မတို့ရဲ့ ချစ်စဖွယ် အငယ်ဆုံးလေး ပြန်ရောက်လာလို့ အရမ်းပျော်နေတာ ”

Bonita က Mary ကို ပုခုံးမှ ဆုပ်ကိုင်လိုက်ပြီး ပြောလာခဲ့သည်။ လွတ်မြောက်သွားပြီလို့ ထင်ထားခဲ့တဲ့ Gilbert ၏ အကြည့်များမှာ Mary ဆီကို မြှားတစ်စင်းကဲ့သို့ ကျရောက်လာပြန်သည်။၎င်းမှာ အေးစက်လှသည်။ သူ့အကြည့်များမှာ Mary ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဖြန့်ကျက်ထား၏။ သို့သော် Mary က Bonita ရှိတဲ့အတွက် မစိုးရိမ်ခဲ့ချေ။ သူ့ရှေ့တွင် ကို့ရို့ကားယားဖြစ်စွာ ရပ်နေရင်း Bonita နံဘေးသို့ ခုန်ကူးလိုက်သည်။ ဒီလို နာကျင်စေသည့် အကြည့်မျိုးကို ခံစားရသည်မှာ ပထမဆုံး အကြိမ် ဖြစ်သည်။

မြို့စားကြီးရဲ့ဒုက္ခအိုး သမီးဆိုးလေးက တစ်ယောက်ထဲပဲ နေချင်လို့ပါ!!!Where stories live. Discover now