Chapter ( 64 )

753 101 25
                                    

Unicode
                  အခန်း (၆၄)

ငါ အနိုင်ရသွားတာလား?

ဒီလူကြီး ငါ့ကို လာနောက်နေတာလား?

Mary သည် Grand Duke Estin ၏ မျက်လုံးတွေကို ကြည့်လိုက်သည်။ မဟူရာညကောင်းကင်ယံကဲ့သို့ရှိသော သူ့၏မျက်ဝန်းနက်ထဲတွင် သူမအတွက် ဂုဏ်ယူနေသော အရိပ်အယောင်တို့ ရှိနေခဲ့သည်။

" ဘယ်လိုများ..... "

Count Stein သည် Mary ဖမ်းလာခဲ့သော အရာကို ကြည့်ရင်း အံ့သြထိတ်လန့်နေခဲ့သည်။ သူ လက်ကိုဝှေ့ယမ်းလိုက်သောအခါ လူတစ်ယောက် ပြေးထွက်လာခဲ့သည်။ Count Stein က ထိုလူကို ဒေါသထွက်နေသော လေသံဖြင့် မေးလိုက်၏။

" အဲ့အရာက ဘယ်လိုဖြစ်လို့ ငါ့ရဲ့တောထဲမှာ ရှိနေရတာလဲ? "

Mary ဖမ်းမိလာခဲ့သောအရာမှာ ဒီအမဲလိုက်ကွင်းထဲတွင် ရှိနေရမည့် ဟုတ်ပုံမရပေ။ Mary အပြစ်ရှိမိသလို ခံစားလာခဲ့ရသည့်အတွက် Grand Duke Estin ၏ ရင်ခွင်ထဲသို့ တိုးဝှေ့ရင်း ပုန်းနေမိသည်။

Arsene မင်း ငါ့ကို ဘာကြီးပေးခဲ့တာလဲ?

" ရှာကြစမ်း..အဲ့လိုအကောင်မျိုး တောထဲမှာ ထပ်ရှိသေးလား ဂျောင်ကြိုဂျောင်ကြားပါ မကျန် အကုန်လိုက်ရှာကြစမ်း "

" ဟုတ်ကဲ့... "

Lucas ၏ အမူအရာ ၊ ယခုဖြစ်နေသော အခြေအနေနှင့် Grand Duke Estin က ပြောလာသည့် သူမအနိုင်ရကြောင်း အကြောင်းအရာ အကုန်လုံးကို ခြုံငုံသုံးသပ်ကြည့်ပါက သူမသည် ပုံမှန်သမာရိုးကျ မဟုတ်သော တစ်စုံတစ်ခုအား ယူလာမိခဲ့ပုံရ၏။ ရှုပ်ထွေးနေခဲ့သော ပဟေဠိအပိုင်းအစများမှာ ဖြည်းဖြည်းချင်း ရှင်းလင်းလာခဲ့သည်။

၎င်းသည် သာမန်တိရစ္ဆာန်တစ်ကောင် မဟုတ်ပေ။

" မင်းက အဲ့တာက ဘာမှန်းမသိတာတောင် ဖမ်းနိုင်ခဲ့တာပဲ "

" ဒါက အံ့သြစရာပဲ "

" ဒီလိုသတ္တိရှိဖို့ဆိုတာ တကယ်ကိုမလွယ်ဘူး "

အနက်ရောင်ဆံနွယ်များဖြင့် ကောင်လေးနှစ်ယောက်ကို ကြည့်လိုက်ရုံဖြင့် သူတို့ဟာ သူမ၏အစ်ကိုတွေဖြစ်ကြောင်း Mary ပြောနိုင်သည်။ သို့သော်ငြား Mary ဖမ်းလာခဲ့သော အကောင်ကိုကြည့်ရင်း သူတို့နှစ်ယောက်ပြောနေသော စကားများက ဤနေရာရှိ လူတိုင်း၏ခံစားချက်များကို ဇောက်ထိုးမိုးမျှော်ဖြစ်သွားစေခဲ့သည်။

မြို့စားကြီးရဲ့ဒုက္ခအိုး သမီးဆိုးလေးက တစ်ယောက်ထဲပဲ နေချင်လို့ပါ!!!Where stories live. Discover now