Chapter ( 53 )

456 45 0
                                    

Unicode
                 အခန်း ( ၅၃ )

“ ဘာ? ”

Mary အလွန်အံ့ဩသွားသည့်အတွက် Cameron ရှေ့တွင် ရပ်နေခဲ့သော Lucas ကို တွန်းဖယ်လိုက်ကာ Cameron ရှေ့တွင် ရပ်လိုက်သည်။

ကြာပွတ်?

သူ့ဘေးတွင် ဒူးထောက်နေရသော Carol ၏ ခန္ဓာကိုယ်မှာ တုန်ရီလာခဲ့သည်။ အရင်က  အရိုက်အနှက်ခံခဲ့ရသော မှတ်ဉာဏ်များကို သတိရလာခဲ့ပုံပေါ်သည်။

Mary သည် Cameron ကို အလွန်ဒေါသထွက်လာခဲ့ကာ ထပ်၍ သည်းမခံနိုင်တော့ဟု သူမ တွေးလိုက်သည်။

“ ပြီးတော့ သူ့မကို အလုပ်လဲထုတ်သင့်တယ် ”

“ တဆိတ်လောက် ဘာပြောလိုက်တယ်?  ”

“ သူမက အမှားတစ်ခုလုပ်မိခဲ့ရင်တောင်  ရိုက်နှက်ပြီး အလုပ်ထုတ်ဖို့ ဘယ်လိုများ ပြောနိုင်ရတာလဲ? ”

Carol က ငါ အလုပ်ခန့်ထားတဲ့လူ။ သူ့မကို ရိုက်နှက်ပြီး အလုပ်ထုတ်ရအောင် ဒင်းမှာ ဘာများအခွင့်ရှိလို့လဲ?

Mary မယုံနိုင်ခဲ့ပေ။ ဤနေရာတွင်  လူတန်းစားခွဲခြားသော စနစ်မှာ မည်မျှပင် တင်းကြပ်နေခဲ့လျှင်ပင် မိမိထက်အသက်ကြီးသော လူကို ရိုက်နှက်ရန် စဉ်းစားခြင်းမှာ လက်ခံဖွယ်နိုင်ရာ မရှိ။

“ ဒါဖြင့် သခင်ဖြစ်တဲ့ မင်းက အစားလာရိုက်ခံပါ့လား? ”

“ Cameron! ”

“ သမီးက ဘာလို့ Cameron ရဲ့ ပိုင်ရှင်ဖြစ်ရမှာလဲ? ”

Cameron သည် ရက်စက်ကြမ်းကြုတ်သော အမူအရာဖြင့် Mary ထံသို့ တစ်လှမ်းချင်းစီ လှမ်းလာခဲ့သည်။ သူ့မျက်နှာမှာ မနှစ်မြို့စဖွယ် ခက်ထန်ပြီး မှုန်ကုပ်နေကာ အတော်လေးကို ရုပ်ဆိုးလှပေသည်။ Gilbert သည် Cameron က Mary ကို ရိုက်နှက်မည်ဟု ပြောလိုက်ချိန်၌ သူမတို့နှစ်ယောက်ကြားသို့ ဝင်လာဖို့ ကြိုးစားခဲ့ပေမဲ့ Mary က သူ့ကို မျက်လုံးနဲ့ လှမ်းတားလိုက်သည်။

“ မင်းက မင်းရဲ့အိမ်အကူအစား အရိုက်မခံချင်ဘူးမလား? ”

“ Carol ရဲ့ ပိုင်ရှင်က Carol ပဲ။ သမီးက Carol ရဲ့ လုပ်အားကိုပဲ ဝယ်ခဲ့တာ သူမရဲ့ လူ့အခွင့်အရေးကို ဝယ်ခဲ့တာ မဟုတ်ဘူး ”

မြို့စားကြီးရဲ့ဒုက္ခအိုး သမီးဆိုးလေးက တစ်ယောက်ထဲပဲ နေချင်လို့ပါ!!!Where stories live. Discover now