Chapter (24)

727 54 0
                                    

Unicode
                 အခန်း (၂၄)

Mary က Bonitaကို မေးခဲ့ချိန်မှာ Bonita ဟာ Mary ကို ငေးမောကြည့်နေခဲ့သည်။ ထိုအကြည့်တွေကို Mary မရှောင်ရှားခဲ့ပါ။ Bonita က Maryရဲ့ခေါင်းကို ညင်သာစွာ ပွတ်သပ်လိုက်သည်။

“ သခင်မလေး ဘယ်တုန်းက ဒီလောက်တောင် အရွယ်ရောက်လာခဲ့တာလဲ? ”

“ ...... ”

“ အရမ်းကို ကြာရှည်ခဲ့တဲ့ ကိုးနှစ်တာ ကာလပါပဲ ”

Bonita ဟာ Maryကို ပြုံးပြနေခဲ့ပေမယ့် သူမ့ဆီမှ ပြောမပြနိုင်သော ဝမ်းနည်းမှုတို့ကို ခံစားနေရသည်။ အချိန်တော်တော်ကြာအောင် Mary ၏ခေါင်းကို ပွတ်သပ်နေခဲ့သော Bonita သည် ဂရုတစိုက်ဖြင့် သူမ၏စကားကို ပြန်စလိုက်သည်။

“ တကယ်တော့ ကျွန်မ ဒါကို သခင်မလေးကို ပြောပြသင့်ရဲ့လား မသိဘူး ”

“ ဘာကိုလဲဟင်? ”

Bonita၏အသံသည် လေးလံစွာ တုန်ခါနေခဲ့သည်။ တကယ်လို့ မင်း အရမ်းစိတ်ပူနေရင် သူမကို ပြောပြစရာမလိုပါဘူးလို့ ပြောလိုက်တော့မလို့ပင်။ သို့သော် Bonita သူမကို ကြည့်နေခဲ့သော အကြည့်များက ဆုံးဖြတ်ချက်ချပြီးသွားသလို ခိုင်မာနေခဲ့၏။

“ သခင်မ Helena ”

“ Helena? ”

“ Grand Duchess, Maryလေးရဲ့ အမေပါ ”

ငါ့အမေနာမည်က Helenaတဲ့လား။

အမှန်အတိုင်းပြောရရင် သူမ Mary ဖြစ်လာခဲ့တာကို သိလိုက်ရတဲ့အချိန်မှာ သူမ မှတ်မိချင်ခဲ့ဆုံးအရာက သူမအမေရဲ့ နာမည်ဖြစ်သည်။

ဒါက သူမကို ဝမ်းနည်းစေမိမယ်လို့ တွေ့လိုက်မိတာကြောင့်  မတွေးပဲ နေခဲ့တာ ဖြစ်သည်။ တွေ့တောင် မတွေ့နိုင်ခဲ့ရတဲ့ အမေဆိုတဲ့ ဖြစ်တည်မှု သူမမှာ ရှိနေခဲ့တယ်ဆိုပြီး ပြန်တွေးပြီး နောင်တ မရချင်ခဲ့ချေ။

သူမ Ha So-hee ဖြစ်ချိန်ကလဲ အမေအကြောင်းကို တွေးမိတဲ့အချိန်တိုင်း...... သူမကို ဝမ်းနည်းစေခဲ့သည်။တွေ့တောင် မတွေ့ဖူးခဲ့တဲ့ လူတစ်ယောက်ကို မချစ်ချင်ခဲ့ချေ။

သို့သော်လည်း Bonita ထံမှ အမေ့ရဲ့ နာမည်ကို ကြားလိုက်ရတော့ Mary ထူးဆန်းစွာ တမ်းတလာမိသလို Helena ဆိုတဲ့ နာမည်ကို တိုးတိုးလေး ရေရွတ်လိုက်သည်။ Bonita က Mary ကို ဖက်ထားလိုက်ပြန်သည်။

မြို့စားကြီးရဲ့ဒုက္ခအိုး သမီးဆိုးလေးက တစ်ယောက်ထဲပဲ နေချင်လို့ပါ!!!Where stories live. Discover now