Unicode
အခန်း ( ၄၉ )
“ ငါတို့ ဘယ်သူ့ခန္ဓာကိုယ်ကို မီးရှို့ရမှာလဲ? ”
“ သူ့မှာ Sophia နဲ့ တူညီတဲ့ ဝိညာဉ်ရှိရမယ်။ ပြီးတော့ တူညီတဲ့လိင်အမျိုးအစားနဲ့ တူညီတဲ့ ကံကြမ္မာတစ်ခုကို ပိုင်ဆိုင်ထားရင် ပိုကောင်းလိမ့်မယ်တဲ့။ မျက်လုံးအရောင်တူရှိပြီး တူညီတဲ့သွေးက ဆင်းသက်လာတဲ့သူဆိုရင်တော့ အကောင်းဆုံးပဲတဲ့..... ”
Maria ၏ တုန်လှုပ်ခြောက်ခြားစွာ ပြောနေခဲ့သော စကားများ၌ Miller ခေါင်းကို ငုံ့ရင်း မျက်နှာကို လက်ဖြင့် အုပ်ထားမိသည်။ Maria ဘာကြောင့် ကြောက်ရွံ့နေသည့်ပုံဖြစ်နေခဲ့လဲ သူသိလာခဲ့သည်။ သူမပုံစံကြည့်ရသည်မှာ ရူးသွပ်တော့မလိုပင်။ Miller က Maria ကို မေးလိုက်သည်။
“ ငါတို့က အဲ့လိုကလေးမျိုးကို ဘယ်နေရာကနေ သွားရှာရမှာလဲ? ”
“ ရှိတယ်လေ ”
“ Maria ”
“ ရှင်လဲ သိတယ်မလား? ”
Maria သည် Miller ကို သူ့ညီမအား သတ်ရန် ပြောနေခြင်းဖြစ်သည်။ Jessica နှင့် Sophia အဒေါ်နှင့် တူမ ဖြစ်သောကြောင့် တူညီသော သွေးရှိပြီး သူတို့၏မျက်လုံးများမှာ အစိမ်းရင့်ရောင်များဖြစ်ကြသည်။ထို့ကြောင့် သူတို့သာ Jessica ကို မီးရှို့လိုက်လျှင်....ဆိုလိုသည်မှာ Sophia အသက်ရှင်လိမ့်မည်။
“ ရှင် စိတ်ကို ပြင်ဆင်ထားလိုက်တော့ ”
“ Maria…. ”
“ သမီးလေးအတွက်ဆို ကျွန်မတို့ ဘာမဆိုလုပ်သင့်တယ် ”
Maria ၏ ပူနွေးနေသော လက်တစ်စုံသည် တုန်ရီနေသော Miller လက်များကို ဆုပ်ကိုင်ထားခဲ့သည်။ ၎င်းမှာ ညီမဖြစ်သူကို သတ်ရန် တောင်းဆိုခံရသည့် ယောကျာ်းတစ်ယောက်အတွက် နွေးထွေးလှတဲ့ နှစ်သိမ့်မှုတစ်ခုပေးနေသယောင်။သို့သော် ထိုကဲ့သို့သော နှစ်သိမ့်မှုကို မလိုအပ်ခဲ့ပါ။ Miller ၏ ခန္ဓာကိုယ်တစ်ကိုယ်လုံး တုန်ရီလို့နေသည်။ အခြားကြောင့်တော့မဟုတ် သူ အလွန်ပျော်သွားသည့်အတွက်ဖြစ်၏။
နောက်ဆုံးတော့ ငါ သူမကို အပြတ်ရှင်းလို့ရပြီ.....
“ အစ်ကိုကြီး! ”
![](https://img.wattpad.com/cover/364887614-288-k728056.jpg)
YOU ARE READING
မြို့စားကြီးရဲ့ဒုက္ခအိုး သမီးဆိုးလေးက တစ်ယောက်ထဲပဲ နေချင်လို့ပါ!!!
RomanceWeekly update- Fri & Sat & Sun Status in COO_ Chapter226+side story *credit to author 윤로체 and English translator*