Unicode
အခန်း (၅၉)Grand Duke Estin ၏ စကားကြောင့် Mary လေးနှင့်မြှားကို ပြန်မြှောက်လိုက်သည်။ Mary သူမ၏ပခုံးတွေကို ကျယ်ကျယ်ထားကာ လေးကြိုးကို ပါးနားအထိရောက်အောင် ဆွဲတင်ခဲ့သည်။ အတတ်နိုင်ဆုံး စိတ်တည်ငြိမ်အောင်လုပ်ကာ အသက်ကိုပြင်းပြင်းရှူလိုက်သည်။
သို့သော်လည်း Mary သူမ၏အာရုံစူးစိုက်မှုကို မထိန်းနိုင်ခဲ့ချေ။ အာရုံထွေပြားနေကာ မျက်စီတွေလည်နေသလို ခံစားနေခဲ့ရသည်။ နောက်ဆုံးမှာတော့ မျက်စိစုံမှိတ်ကာ ပစ်လိုက်မိသည်။
ရလဒ်အနေဖြင့် မြှားမှာ ဦးတည်ရာမဲ့စွာ ပျံထွက်သွားလေသည်။
" မင်း စိတ်လှုပ်ရှားနေတာလား? "
" ..... "
" ငါကြောင့်လား? "
Grand Duke ၏ မေးခွန်းကို Mary က ခေါင်းခါပြခဲ့သည်။ အမှန်တော့ Grand Duke Estin ကြောင့် စိတ်လှုပ်ရှားနေခဲ့တာဟု ပြောချင်ခဲ့သော်လည်း ၎င်းမှာ မဟုတ်ပေ။ Hestia နှင့် အခြားKnights အဖွဲ့ဝင်များက သူမကို ပစ်မှတ်ဘုတ်ပြားကို ထိအောင် ပစ်နိုင်ခဲ့သည့်အတွက် ချီးကျူးခဲ့ကြသည်။ သို့သော် Mary သိခဲ့သည်။ ၎င်းမှာ မလုံလောက်သေးပေ။ ထိုအချိန်ကတော့ Mary အရမ်းပျော်ရွှင်နေခဲ့ပေမယ့် သူမ ပိုပြီး စဥ်းစားကြည့်မိလေလေ ပိုပြီးမှားယွင်းလာသလို ခံစားနေခဲ့ရသည်။ သူမ ပိုကောင်းအောင် လုပ်နိုင်သည်ဟု ယုံကြည်ချက်ရှိသော်လည်း ကလေးတစ်ယောက်အနေဖြင့် ကန့်သတ်ချက်တွေရှိနေသည်။
ငါ့မှာ အချိန်မရှိတော့ဘူး!
ဒါကြောင့်ပဲ ညသန်းခေါင်ကြီး ဒီကို ခိုးထွက်လာပြီး လေ့ကျင့်နေခဲ့တာ။ Grand Duke Estin က ငါ့ကို အများကြီး မျော့်လင့်ထားခဲ့တာများလား?
" သမီး မြှားပစ်တာကို မ..မကျွမ်းကျင်သေးဘူး "
" အင်း "
" အဲ့ဒါက သမီးထင်တာထက် ပိုခက်တယ် "
Mary သည် စူစူအောင့်အောင့်ပုံစံလေးဖြင့် ပြောလာခဲ့သည်။ ရုတ်တရက် Grand Duke Estin သည် Mary နောက်သို့ ရောက်လာခဲ့ပြီး သူမ၏ကိုယ်ဟန်အနေအထားကို ပြုပြင်ပေးလာသည်။ ၎င်းနောက် သူသည် Mary ၏ နားနားလေးတွင် အသံတိုးတိုးလေးဖြင့် ပြောလိုက်သည်။

YOU ARE READING
မြို့စားကြီးရဲ့ဒုက္ခအိုး သမီးဆိုးလေးက တစ်ယောက်ထဲပဲ နေချင်လို့ပါ!!!
RomanceWeekly update- Sat & Sun Status in COO_ Chapter226+side story *credit to author 윤로체 and English translator*