Chapter (33)

732 60 4
                                    

Unicode
                 အခန်း (၃၃)

နောက်ပိုင်းမှာ သူက ဗီလိန်တစ်ယောက်အဖြစ် ပြောင်းလဲသွားလိမ့်မယ်။ဒါပေမဲ့လည်း လိုရမယ်ရ ငါသူ့ကို Astina လိုပဲ လောကကြီးအကြောင်းကို သင်ထားပေးသင့်တယ်။

ရှေးခေတ်နိုင်ငံတစ်ခု၏ ဥပဒေကို ထိုးဖောက်ဝင်ရောက်လာသည့် ဆောင်ပုဒ်တစ်ခုမှာ ‘ မျက်လုံးတစ်လုံးအတွက် မျက်လုံး ၊ သွားတစ်ချောင်းအတွက် သွားတစ်ချောင်း ’ ဖြစ်သည်။

Mary ထိုသို့တွေးလိုက်ပြီး စာအုပ်ကို ပြန်ဖတ်နေခဲ့သည်။ ထိုအချိန်၌ တိတ်ဆိတ်နေခဲ့သော စာကြည့်တိုက်၏တံခါးမှာ ရုတ်တရက် ပွင့်လာခဲ့သည်။

ထပ်ပြီး Lucas ဖြစ်မည်ဟု တွေးလိုက်မိတဲ့အတွက် လှည့်တောင် မကြည့်ခဲ့ပဲ စာအုပ်ကို ဆက်ဖတ်နေခဲ့သည်။

ဟုတ်ပါတယ်။ တကယ်တော့ Lucas က  ငါ့ပန်းချီကားကို ထိုသို့ချိတ်ဆွဲလိုက်ကတည်းက ငါ နည်းနည်းစိတ်ဆိုးနေခဲ့တယ်။
သူက သူလုပ်တာမဟုတ်ဘူး ဆိုပြီး ငြင်းနေပေမဲ့ သူ့ကြည့်ရတာ ငါ့ကို စနေပုံပေါက်တယ်...

“ အို Grand Duke ”

Mary စာအုပ်ကို ဖတ်ကာ သူ့ကို လျစ်လျူရှုဖို့ အားစိုက်ထုတ်နေတဲ့အချိန် သူမ့ဘေးမှာ ထိုင်နေခဲ့တဲ့ Rex က ထလိုက်ပြီး နှုတ်ဆက်သံကို ကြားလိုက်ရသည်။

Grand Duke ဆိုရင်.... ငါ့အဖေပေါ့။

စာကြည့်တိုက်ထဲတွင် ခဏတာ တိတ်ဆိတ်ငြိမ်သက်သွားပါတော့သည်။ Mary ခေါင်းကို အတင်းအကြပ်ပင့်ခံရထားတဲ့ အရုပ်လေးလို ခေါင်းထောင်လိုက်သည်။

Rex အမြင်မှားနေခဲ့တာလို့ Mary မျော်လင့်နေခဲ့သော်ငြား.....သူမတို့ရှေ့မှာ ရှိနေတာက တကယ်ကြီးကို Grand Duke Estin ဖြစ်နေခဲ့ပါသည်။

သူမတို့ မျက်လုံးချင်းဆုံသွားသည်နှင့်တစ်ပြိုင်နက်  အမြန်ထရပ်ခဲ့ပြီး ဦးညွတ်ကာ နှုတ်ဆက်လိုက်၏။

သူက ရုတ်တရက်ကြီး ဘာလို့ ဒီနေရာကို ရောက်လာတာပါလိမ့်? ဖတ်ချင်တဲ့ စာအုပ်များ ရှိလို့လား?

Grand Duke Estin က Rex နှင့် Mary ကို ထိုင်ဖို့အတွက် လက်ယပ်ပြခဲ့ပြီး သူမတို့ဆီကို ချဉ်းကပ်လာခဲ့သည်။

မြို့စားကြီးရဲ့ဒုက္ခအိုး သမီးဆိုးလေးက တစ်ယောက်ထဲပဲ နေချင်လို့ပါ!!!Where stories live. Discover now