Unicode
အခန်း ( ၅၈ )" မင်းက ငါ့သမီးနဲ့ အလောင်းအစားလုပ်ခဲ့တယ် "
" ဟုတ်တယ် "
အသံများအားလုံး ပို၍ပင် တိတ်ဆိတ်သွားခဲ့လေသည်။ Gilbert နှင့် Rex က ညစာစားခြင်းကို ရပ်လိုက်ကြပုံရသည်။ Mary လည်း ရပ်လိုက်ချင်ပါသော်ငြား သူမ ဒီနေ့ ဗိုက်အရမ်းကိုဆာနေခဲ့သည်။ Mary သည် သူမရှေ့က ပုဇွန်ကို မသိမသာယူလိုက်ကာ ပါးစပ်ထဲ ပစ်ထည့်လိုက်သည်။
အဲ့ဒါက....ဝူးးး အရသာရှိလိုက်တာ!
" ခင်ဗျား သူတို့ကို သေချာသင်ထားရမှာ "
Cameron က ပေါ့ပေါ့ပါးပါးလေသံဖြင့် ပြောလိုက်သော်လည်း သေချာနားထောင်ကြည့်လျှင် သူ့အသံမှာ တုန်လှုပ်နေသည်။ Grand Duke က ထိုစကားကို ကြားသောအခါ ရယ်မောလိုက်သည်။ Cameron သည် တိုက်ရိုက်မပြောသော်လည်း သူပြောချင်နေသည်မှာ Mary ကို ရည်ရွယ်နေကြောင်း ထင်ရှားလို့နေသည်။
မင်းက ပထမမင်းသားဖြစ်နေရင်တောင် Grand Duke ရှေ့မှာ ဒီလိုပြောရဲတဲ့ မင်းရဲ့သတ္တိကို ချီးကျူးပါတယ်။ ရူးများနေသလား?
" ငါက အခုတလော အလုပ်တော်တော်ရှုပ်နေတော့ အချိန်တိုင်း စံအိမ်ကြီးမှာ ရှိမနေနိုင်ဘူး "
" ကျွန်တော် ကြားထားပါတယ် "
" ဒါတွေအားလုံးက မင်းအဖေရဲ့ ကျေးဇူးပေါ့ "
Grand Duke က ဝိုင်ခွက်ကို ယူကာ အနည်းငယ် သောက်လိုက်သည်။ Mary က ဝိုင်မသောက်ခဲ့သော်လည်း ၎င်းကိုကြည့်ပြီး မသိမသာ တံတွေးမျိုချလိုက်မိသည်။
ဧကရာဇ်က Grand Duke ကို ဟိုခိုင်းဒီခိုင်း လုပ်နေခဲ့တာကို Mary သိသည်။ Cameron က ၎င်းကို ဂုဏ်ယူနေသည့်ပုံရသည်။ Mary သည် ဂုံးတစ်ကောင်ကို Cameron အဖြစ် တွေးလိုက်ပြီး ခက်ရင်းဖြင့် ထိုးကာ ပါးစပ်ထဲ ပစ်ထည့်ပြီး ကျိတ်ဝါးပစ်လိုက်သည်။
" ဒါပေမဲ့ မင်း အထင်မမှားသင့်ဘူး Cameron "
Grand Duke သည် သူ၏ဝိုင်ခွက်ကို ချလိုက်ပြီး ပါးစပ်ကို လက်ကိုင်ပဝါဖြင့် သုတ်လိုက်သည်။
ဘယ်လောက်တောင် ကျော့ရှင်းသပ်ရပ်လိုက်တဲ့ ကိုယ်ဟန်အနေအထားလဲ? Mary တစ်ယောက် ပါးစပ်ထဲက ဂုံးအသားကို ဆက်ဝါးဖို့တောင် မတွေးနိုင်တော့ဘဲ Grand Duke ကို ငေးကြည့်နေမိသည်။

YOU ARE READING
မြို့စားကြီးရဲ့ဒုက္ခအိုး သမီးဆိုးလေးက တစ်ယောက်ထဲပဲ နေချင်လို့ပါ!!!
RomanceWeekly update- Sat & Sun Status in COO_ Chapter226+side story *credit to author 윤로체 and English translator*