Unicode
အခန်း ( ၆၁ )" ဘယ်သူလာနေတာလဲ? "
" သခင်ငယ်လေးနှစ်ယောက် လာနေပြီတဲ့ "
သူမ၏ကျန်သည့်အစ်ကိုနှစ်ယောက်ပါ ဒီနေရာကို လာနေကြပြီ ဆိုတာကို ကြားလိုက်ရတော့ Mary ယုံကိုမယုံနိုင်တော့ပေ။
ငါတို့တွေ ဆုံရတော့မယ်ဆိုတာကို သိပေမဲ့ ပထမဆုံးတွေ့ရမဲ့နေရာက အမဲလိုက်ကွင်းကြီးမှာတဲ့လား!
အွတ်!
Mary အလွန်အံ့သြသွားကာ ကြို့ထိုးလာခဲ့သည်။ ဘေးမှာရှိနေသည့် Hestia က Mary ၏ ကျောကို ခပ်ဖွဖွ ပုတ်ပေးလာသည်။
" တကယ်က ငါ မင်းကို ကြိုပြောဖို့ မစီစဥ်ထားဘူး...မင်း စိတ်လှုပ်ရှားနေမှာဆိုးလို့ "
အဲ့ဒါဆိုလဲ အမဲလိုက်ပြီးမှ ပြောလေ!!!
Mary က သူ့ကို မကျေမချမ်းကြည့်လိုက်ချိန်မှာတော့ Lucas က သူမ၏အကြည့်တို့ကို ရှောင်နေခဲ့သည်။
Mary သက်ပြင်းချလိုက်ပြီးနောက် Count Stein ၏ အမဲလိုက်ကွင်းကို လှည့်ပတ်ကြည့်နေမိသည်။
၎င်းမှာ ထူထပ်သော သစ်ပင်ကြီးများ နှင့် များပြားလှသော အပင်များဖြင့် ဖုံးလွှမ်းလို့နေသည်။ လမ်းကြောင်းအတိုင်းသာ သွားပါက Mary အထိအခိုက်မရှိဘဲ ထိုတောအုပ်ထဲကို ဝင်လို့ရနိုင်သည်ဟု ပြောကြသည်။ ကြည်လင်နေသော အပြာရောင်ကောင်းကင်ကြီးနှင့် လိုက်ဖက်နေသည့် စိမ်းလန်းစိုပြေလှသော တောအုပ်ကြီးတစ်ခု ဖြစ်လေသည်။ တောအုပ်ကြီးကို ကြည့်ရင်း လေအဝှေ့မှာ အေးစိမ့်စိမ့် ခံစားလိုက်ရတာကြောင့် Mary သူမ၏လက်များကို ပွတ်လိုက်သည်။
" အေးနေလား? "
" ဟင့်အင်း "
Grand Duke Estin သည် Mary ၏ အပြုအမှုကို သတိထားမိသွားပြီး မေးလာခဲ့သည်။ Mary ခေါင်းယမ်းပြလိုက်သည်။ Mary က ငြင်းလိုက်သော်လည်း Grand Duke Estin ကတော့ သူမ၏အဝတ်များကို ပိုနွေးအောင် တင်းတင်းကြပ်ကြပ် ဝတ်ပေးလာသည်။
ဒီနေ့...Grand Duke Estin ၊ Gilbert ၊ Rex ၊ Lucas ၊ Hestia နှင့် Knights အဖွဲ့ဝင်တစ်ချို့က Mary ကို အားပေးဖို့အတွက် ဒီနေရာကို လိုက်လာကြသည်။ ဤအရာနဲ့တင် Mary အလွန်ကျေးဇူးတင်ကာ အားရှိနေပြီဖြစ်သည်။

YOU ARE READING
မြို့စားကြီးရဲ့ဒုက္ခအိုး သမီးဆိုးလေးက တစ်ယောက်ထဲပဲ နေချင်လို့ပါ!!!
RomanceWeekly update- Sat & Sun Status in COO_ Chapter226+side story *credit to author 윤로체 and English translator*