Unicode
အခန်း (၄၁)Grand Duke Estin ၏ မျက်လုံးအကြည့်များမှာ Mary ကို ရုတ်တရက် စိုက်ကြည့်လာသောကြောင့် Mary သည် ကိုယ်ကို ၉၀ ဒီဂရီ ကိုင်းကာ ဦးညွတ်၍ နှုတ်ဆက်လိုက်သည်။
သူမတို့မတွေ့ရသည်မှာ အနည်းငယ်ကြာသွားပြီဖြစ်သည့်အတွက် သူ၏အပြုအမှုနှင့် စပ်လျဉ်း၍ လိုက်လျောညီထွေ မဖြစ်သေးချေ။
“ ....? ”
အဖြေပြန်မရခဲ့သောကြောင့် Grand Duke Estin ၏ အမူအရာကို ကြည့်ရန် Mary ခေါင်းကို ဖြည်းဖြည်းချင်း မော့လိုက်သည်။သူမ့ကို ငုံ့ကြည့်နေသော မျက်နှာက တော်တော်လေး မပျော်မရွှင် ဖြစ်နေပုံရ၏။
ငါ တစ်ခုခုများ အမှားလုပ်မိလိုက်လို့လား?
...အပြစ်ရှိသလို ခံစားခဲ့ရသော လုပ်ရပ်များစွာရှိခဲ့သောကြောင့် မသိနားမလည်သော အပြုအမူကို လုပ်ဆောင်မိမှာကို စိုးရိမ်နေမိသည်။
Grand Duke Estin ဘာကြောင့် မျက်နှာမကောင်းရသလဲဟူ၍ Mary တစ်ယောက် အတွေးနက်ကာ စဉ်းစားနေခဲ့ချိန် ရုတ်ခြည်း Grand Duke Estin က သူမ့ကို ပွေ့ချီလိုက်လေသည်။
“ အာ့! ”
“ မင်းရဲ့ ကိုယ်အလေးချိန် တိုးလာတယ်လို့ ငါမထင်ဘူး ”
Mary ရှေ့က မြင်ကွင်းမှာ ရုတ်တရက် မြင့်မားသွားတာကြောင့် သူမ ထိတ်လန့်ကာ ထူးဆန်းသောအသံတစ်ချို့ ပြုလုပ်လိုက်မိသည်။ သို့သော်ငြား Grand Duke Estin မှာ Mary ၏ တုံ့ပြန်မှုကို မကြားသကဲ့သို့ သူမကို ပွေ့ချီထားရင်း သူ၏ခံစားချက်ကို ဖော်ပြရုံမျှ ပြောလာခဲ့သည်။
“ သခင်မလေးက ကြိုးစားပြီးတော့.... ”
“ သူ အများကြီး မစားဘူး ”
“ ဟုတ်လား? ”
Bonita က Mary အတွက် ဂရုတစိုက် ဆင်ခြေပေးရန် ကြိုးစားလိုက်သော်လည်း Grand Duke Estin ၏ အပြောကို သဘောတူနေခဲ့သည့် Gilbert က မြန်မြန်ဆန်ဆန် ထပ်ဖြည့်ပြောလိုက်သည်။
Gilbert ၏ အပြောကို ကြားလိုက်သော Grand Duke Estin သည် ၎င်းကို မကြိုက်သလို မျက်ခုံးများတွန့်ချိုးလို့လာ၏။
“ ငါ မင်းကို အရင်တစ်ခေါက် ပွေ့တုန်းက အလေးချိန်နဲ့ တူတူပဲ ”
YOU ARE READING
မြို့စားကြီးရဲ့ဒုက္ခအိုး သမီးဆိုးလေးက တစ်ယောက်ထဲပဲ နေချင်လို့ပါ!!!
RomanceWeekly update- Fri & Sat & Sun Status in COO_ Chapter226+side story *credit to author 윤로체 and English translator*