Chapter ( 44 )

679 61 4
                                    

Unicode
                  အခန်း (၄၄)

“ ဝင်ခဲ့ ”

Estin ၏ ခွင့်ပြုချက်၌ ရုံးခန်းတံခါးမှာ ပွင့်သွားခဲ့သည်။ တံခါးဖွင့်ပြီး ဝင်လာခဲ့သူမှာ Hestia Taylor ပင်ဖြစ်ချေတော့သည်။

Hestia ၏ အကြောင်းပြချက်များဖြစ်သော  “ မနက်ခင်းလေ့ကျင့်ရေးတွေနဲ့ အလုပ်ရှုပ်နေတယ် မအားဘူး ”  “ ဓားပေါ်မှာ မှော်အတတ် ထည့်သွင်းဖို့ အလုပ်ရှုပ်နေတယ် ” နှင့် “ Cheroke က ဘယ်တော့ပြန်လာမှာလဲ? ” စသော ညည်းညူတဲ့ စကားများကိုသာ ကြားခဲ့ရသည့် Lucas သည် Hestia ရုတ်တရက် ရုံးခန်းတွင်ပေါ်လာသောအခါ အတော်လေး စိတ်ရှုပ်သွားခဲ့သည်။

“ မင်း အလုပ်မရှုပ်ဘူးလား? ”

“  Lucas ရောက်နေတာပါ့လား။  ဘာတွေဖြစ်လို့လဲ? ”

“ ပြောရရင်တော့... ”

“ ပထမမင်းသားက မကြာခင်မှာ နယ်မြေကို လာရောက်လည်ပတ်တော့မယ် ”

“ ဘာ? ”

ထိုအကြောင်းအရာမှာ Hestia လဲ သိထားသင့်သော ကိစ္စဖြစ်သည့်အတွက် Lucas Hestia အား အသံဖျော့ဖျော့ဖြင့် ပြောပြလိုက်သည်။ Hestia သည် ထိုအကြောင်းကို ကြားလိုက်ရချိန်၌ သူမ့မျက်နှာမှာ ရှုံ့မဲ့သွားကာ အလွန်ကိုအံ့ဩသွားခဲ့သည်။

Grand Duke Conler ၏ သစ္စာရှိလက်အောက်ခံတစ်ဦးဖြစ်သည့် Hestia Taylor သည် တော်ဝင်မိသားစုကို ဆိုးရွားစွာ မုန်းတီးနေခဲ့သည်။

အမှန်တော့ နားလည်နိုင်ပါသည်။ တော်ဝင်မိသားစုမှ Conler ကို ပေးသော ရယ်စရာကောင်းပြီး အဓိပ္ပါယ်မရှိသောအမိန့်တွေကြောင့် Hestia မည်မျှတောင် ခံစားခဲ့ရသနည်း။

Hestia သည် အမြဲယုံကြည်မှုရှိသူ တစ်ဦးဖြစ်သော်လည်း အလုပ်တွေအရမ်းပိလာသောအခါ သူမသည် Lucas ဆီသို့ တိတ်တဆိတ်လာပြီး တော်ဝင်မိသားစုအား တီးတိုးကျိန်ဆဲတတ်သည်။

ယခုပင်လျှင် 1st Knights Templar ၏ တပ်ခွဲမှူး Cherokee froy သည် demonic သားရဲများကို လက်အောက်ခံအဖြစ် သိမ်းသွင်းရန်ဟူသော အမိန့်ပေးမှုကြောင့် အခြားဧရိယာတစ်ခုသို့ စုံစမ်းစစ်ဆေးရန် ထွက်သွားခဲ့ရပြီး Hestia သည် လက်ရှိတွင် Knights Templar ကို တာဝန်ယူထားရသည်။ Hestia သည် ပေးသမျှ အမိန့်တိုင်းကို ငြင်းဆန်မှုမရှိဘဲ လက်ခံခဲ့သည့်အတွက် အထက်လူကြီးကို အပြစ်တင်၍ မရသောကြောင့် တော်ဝင်မိသားစုကိုသာ ကျိန်ဆဲပါတော့သည်။

မြို့စားကြီးရဲ့ဒုက္ခအိုး သမီးဆိုးလေးက တစ်ယောက်ထဲပဲ နေချင်လို့ပါ!!!Where stories live. Discover now