Chapter (3)

986 65 0
                                    

 Unicode

              အခန်း (၃)

"Mary နင် တကယ်ရူးသွားပြီလား"

"မရူးပါဘူး!"

နောက်ဆုံးတော့ Maryသည် အသက် ၉နှစ်သာရှိသေးသည်။ဤမိဘမဲ့ဂေဟာတွင်လည်း Leo သည်သာ သူမ၏တစ်ဦးတည်းသော သူငယ်ချင်းဖြစ်၏။

မကြာမီတွင် Grand duke သည် သူမကို ရှာတွေ့တော့မည်။ထို့ကြောင့် Mary ဟာ Leoနှင့် ခွဲခွာရန် ပြင်ဆင်နေပါသည်။

ဘယ်လိုပဲဖြစ်ဖြစ် နောက်ပိုင်းတွင် သူမတို့ ပြန်တွေ့ကြမှာပင်။

Mary တိတ်ဆိတ်စွာ နေထိုင်ပြီး Grand dukeနှင့် ပြန်လိုက်သွားမည်။Grand dukeသည် ပြန်ပေးဆွဲခံခဲ့ရသော သူမ့ကို ရှာတွေ့ရန် သူ၏အချိန်နှင့်ငွေ အား သုံးစွဲထားသောကြောင့် စိတ်အနှောက်အယှက် ဖြစ်နေလောက်ပြီဟု ထင်၏။

ယခင်Mary က လှည့်ပတ်ကာ အရှုပ်ထုပ်များ လုပ်ပြီး နောက်ပိုင်းတွင် သူမအား ပွင့်လင်းစွာ ဒုက္ခအိုး ဟုခေါ်ခဲ့ကြသည်။

အကယ်၍ သူမသာ တစ်ခုခုထူးဆန်းတာလုပ်ခဲ့လျှင် သူမရရှိမည့် ဝေစုမှ တစ်ဝက်ကို အဖြတ်ခံရနိုင်သည့်အတွက်  ကောင်းကောင်းမွန်မွန်သာ နေထိုင်သင့်သည်ဟု ထင်ခဲ့သည်။
သို့သော် ထိုထင်မြင်မှုမှာ မိဘမဲ့ဂေဟာတွင် အငယ်ဆုံးဖြစ်သော Pipe၏ အစာအာဟာရ ပြတ်လပ်မှုကြောင့် သေဆုံးသွားမှုမတိုင်ခင် အထိသာ။Pipe အား မိဘမဲ့ဂေဟာ၏ အနောက်ဘက်တွင် ရှိသော မြေကွက်လပ်တွင် မြှုပ်ရင်း Mary ဆုံးဖြတ်ချက်ချခဲ့သည်။

"ဂေဟာမှူးရဲ့ အခန်းကို သွားဖောက်ရအောင်"

Leoကို သူမ၏planအား ပြောပြသောအခါ သူမ့ကို ရူးသွားပြီလားဟု မေးလာ၏။

"ငါတို့အသက်ဆက်ရှင်ဖို့ တစ်ခုခုလုပ်ဖို့လိုတယ် Leo"

"Mary ငါအခုတလော ခံစားမိတာက နင်ဘဝနဲ့ ပတ်သတ်လာရင် အရမ်းစွဲလန်းနေတာလားလို့"

"သိသာတာပဲလေ... မဟုတ်ဘူးလား?

ငါလုပ်သမျှ အရာရာတိုင်းရဲ့ အကြောင်းပြချက်က အသက်ဆက်ရှင်နိုင်ဖို့အတွက်ပဲလေ"

အရင်ဘဝတုန်းက အသက်ရှင်ဖို့အတွက် ရုန်းကန်ရင်း သေဆုံးခဲ့ရသည့်အတွက် ဒီဘဝမှာတော့ အချည်းနှီး မသေလိုပေ။ပြီးတော့ ...

မြို့စားကြီးရဲ့ဒုက္ခအိုး သမီးဆိုးလေးက တစ်ယောက်ထဲပဲ နေချင်လို့ပါ!!!Where stories live. Discover now