Unicode
အခန်း ( ၇၅ )" Mary? "
Mary ကို ကြည့်နေခဲ့သည့် Astina ၏မျက်လုံးများသည် ပျော်ရွှင်မှု၊ အံ့အားသင့်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။ Mary က သူမကို ကောင်းကောင်းနှုတ်ဆက်ချင်ပင်မဲ့ အခြေအနေအချိန်အခါမှာ မကောင်းသေးပေ။ ထို့ကြောင့် Mary က Astina ကို စိတ်အေးစေရန် မျက်စိမှိတ်ပြလိုက်ပြီးနောက် Sophia ကို မျက်နှာချင်းဆိုင်လိုက်သည်။ Sophia က Mary ကို ပြုံးပြဖို့ ကြိုးစားခဲ့သည်။
" Lady Mary က ဘယ်လိုဖြစ်လို့ ဒီကိုရောက်လာတာလဲ? "
" ဘာကိစ္စဖြစ်လို့လဲ Lady Sophia? "
Sophia အသံသည် ကြောက်ရွံ့တုန်လှုပ်သွားခဲ့သည်။ Bruno က မူရင်းဝတ္ထုထဲတွင် လူဆိုးတစ်ယောက်ဖြစ်ကြောင်း Mary သိထားခဲ့သော်ငြား Sophia ကပါ ဗီလိန်ဇာတ်ကောင်တစ်ယောက်ဖြစ်နေပါသလား? Mary မှတ်မိထားသည်သာမှန်ပါက Sophia Bruno သည် မူရင်းဝတ္ထုထဲတွင် မထင်မရှားဇာတ်ကောင်တစ်ယောက်သာဖြစ်သည်။ သူမအကြောင်းကို အကြိမ်ရေအနည်းငယ်သာ ဖော်ပြထားခဲ့သည်။
Mary က Astina ကို သူမ၏နောက်တွင် ထားလိုက်ပြီး Sophia ရှေ့မှာ ရပ်လိုက်သည်။
" နင်က Lady Astina နဲ့ အရမ်းရင်းနှီးပုံရတယ်နော် "
" ဘာကို? "
" ခုဏက Lady Astina နဲ့ ပေါ့ပေါ့ပါးပါးစကားပြောနေတာကို ကြားမိလိုက်တယ်။ လေးလေးစားစားနဲ့တောင် မပြောခဲ့တော့ တော်တော်ရင်းနှီးတဲ့ပုံပဲ "
ယခုတွင် Astina သည် ငြင်းဆန်၍မရအောင်ပင် Marquis Borneau ၏ သမီးဖြစ်သည်။ သူမဟာ တခြားမျိုးရိုးမြင့်သခင်မလေးများနှင့် အဆင့်အတန်းအတူတူပင်ဖြစ်သော်ကြောင့် ယခုလို အပြုအမှုမျိုးနှင့် အနိုင်ကျင့်ခံနေရသည်ကို မြင်လိုက်ရသောအခါ Mary စိတ်တိုသွားခဲ့သည်။ Sophia သည် ရန်လိုနေသည့်မျက်နှာထားဖြင့် စကားတစ်ခွန်းမျှပြန်မပြောနိုင်ဘဲ Mary ကို စိုက်ကြည့်နေခဲ့သည်။ Mary သည် စိတ်လျော့ဖို့ ကြိုးစားခဲ့သော်လည်း အစောပိုင်းကတည်းကပင် ရန်လိုမှုတွေမှာ အစပျိုးခဲ့ပြီးဖြစ်သည်။
Sophia နှင့် Mary သည် အကြည့်ချင်းပြိုင်နေကာ တစ်ယောက်မှ အကြည့်မလွဲခဲ့ကြပေ။ Mary နောက်တွင် ရပ်နေခဲ့သည့် Astina က တိုးတိုးလေး စကားပြောလာခဲ့သည်။
YOU ARE READING
မြို့စားကြီးရဲ့ဒုက္ခအိုး သမီးဆိုးလေးက တစ်ယောက်ထဲပဲ နေချင်လို့ပါ!!!
RomanceWeekly update- Fri & Sat & Sun Status in COO_ Chapter226+side story *credit to author 윤로체 and English translator*