Unicode
အခန်း (၅၁)လက်ခုပ်ဩဘာပေးလိုက်သော အသံကို ကြားလိုက်ရချိန်၌ Mary သည် အရွက်သုပ်ကို နှုတ်ခမ်းတဆူဆူဖြင့် စားနေခဲ့ခြင်းဖြစ်သည်။ သူမ မော့ကြည့်လိုက်တော့ Lucas က စိတ်ခံစားချက်များပြည့်နှက်နေသော မျက်နှာထားဖြင့် လက်ခုပ်တီးနေခဲ့လေသည်။
သူက ထပ်ပြီး ဘာဖြစ်ပြန်တာလဲဟ?....
Rex မှ Maryကို စိတ်ရှုပ်ထွေးနေသော မျက်လုံးအစုံဖြင့် လှမ်းကြည့်လာခဲ့ရာ Mary သည်လည်း မသိသယောင် ပခုံးပြန်တွန့်ပြလိုက်သည်။
Grand Duke Estin က ဒီလိုမျိုး ကိုယ်ရည်ကိုယ်သွေးရှိတဲ့သူနဲ့ ဘယ်လိုများ အလုပ်လုပ်လဲမသိဘူး?
အနီနဲ့ အနက်လို မတူညီကွဲပြားတဲ့လူနှစ်ယောက်က အတူတူအလုပ်လုပ်နေတာကို တွေ့ရတော့ ထူးဆန်းလိုက်တာ။ထိုအချိန်တွင် Gilbert သည် Lucas အပြုအမူနှင့်ပတ်သတ်၍ နေသားကျနေသကဲ့သို့ မနက်စာကိုသာ ဆက်စားနေခဲ့သည်။
“ Mary Conler , မင်းကသာ ဒီစံအိမ်ကြီးမှာ အရေးကြီးဆုံးပဲ ”
“ ..... ”
“ ကျွန်တော် သခင်လေးအတွက် အရမ်းဂုဏ်ယူတယ်ဗျာ။ ဘယ်အချိန်ကများ ငါတို့ရဲ့သခင်လေးက ဒီလိုမျိုး အရွယ်ရောက်လာခဲ့တာလဲ? ”
“ ပါးစပ်ပိတ်ထား ”
“ ကဲကဲ သခင်လေးအတွက် လက်ခုပ်ဩဘာတွေ နောက်တစ်ခေါက်လောက် ချီးမြှင့်ပေးကြပါအုံး ”
Lucas ၏ စကားကြောင့် Rex သည် ငြိမ်သက်စွာ လက်ခုပ်လိုက်တီးနေခဲ့သော်လည်း သူ့လက်ကို နောက်တစ်ကြိမ် ပြန်ချထားလိုက်သည်။ Gilbert သည် အတော်လေး စိတ်ကုန်နေသည့်ပုံပင်။ Mary သည် သူမတစ်ယောက်ထဲသာ Lucas ၏ စနောက်နေခြင်းကို ခံနေခဲ့ရသည်ဟု ထင်နေခဲ့တာဖြစ်သည်။ ယခုတော့ ဟုတ်ပုံမရ။ ၎င်းမှာ သူမကို သေချာပေါက် စိတ်သက်သာရာရသွားစေခဲ့သည်။
“ အဖေ ဒီနေ့ အလုပ်ကိစ္စနဲ့ ခရီးထွက်သွားတယ်။ ခင်များ အဖေနဲ့အတူလိုက်မသွားဘူးလား Lucas? ”
“ အော် ဒီနေ့ Grand Duke က Hestia နဲ့ သွားတယ်လေ ”
“ အဖေက ခရီးကို နားအေးပါးအေး သွားချင်ခဲ့တာ ဖြစ်မယ် ”
YOU ARE READING
မြို့စားကြီးရဲ့ဒုက္ခအိုး သမီးဆိုးလေးက တစ်ယောက်ထဲပဲ နေချင်လို့ပါ!!!
RomanceWeekly update- Fri & Sat & Sun Status in COO_ Chapter226+side story *credit to author 윤로체 and English translator*