Unicode
အပိုင်း (၃၇)…..တကယ်ကြီး! မင်း မွေးလာကတည်းက ကြိုးစားနေခဲ့ရတာလား?
Mary မှာ ရှုပ်ထွေးတဲ့ အတွေးများ ရှိနေခဲ့ပြီး သူမ့၏နှလုံးသားလေးမှာ Gilbert Conler အရှေ့တွင် အဆုံးအစမရှိ သေးငယ်လာတော့၏။
“ Conler တစ်ယောက်ရဲ့ ဖိအားတွေအောက်မှာ ငါ ဘယ်တုန်းကမှ သက်တောင့်သက်သာ မခံစားခဲ့ရဘူး။ ငါ စာလေ့လာဖို့ တစ်ညလုံးလဲ နေတယ်။ ငါတို့မိသားစုရဲ့ ဂုဏ်သိက္ခာကို ညိုးနွမ်းစေမဲ့သူတစ်ယောက် မဖြစ်စေဖို့ အမြဲတမ်း ကြိုးစားနေခဲ့တယ် ”
“ ...... ”
“ မင်းရော အဲ့လိုမျိုး ခံစားနေရပြီးလားလို့ ငါ မင်းကို မေးချင်တယ် Mary Conler ”
စာအုပ်ထဲမှာ Mary ကို ဘာကြောင့် စိတ်အနှောက်အယှက်ပေးတဲ့သူဟု ခေါ်ဆိုခဲ့ကြသည်ကို သူမ တစ်နည်းနည်းဖြင့် နားလည်လာခဲ့သယောင် ရှိ၏။
စာအုပ်ထဲက Mary ဟာ သူမ့မိသားစု၏ပိုက်ဆံတွေကို အများအပြား သုံးစွဲခဲ့သည့်အတွက် ထိုကဲ့သို့အဆုံးသတ် ဖြစ်ခဲ့ခြင်းမဟုတ်ဘဲ Conler မိသားစုဖြင့် မကိုက်ညီတဲ့ လုပ်ဆောင်ချက်များကို ဦးနှောက်မဲ့စွာ လုပ်ဆောင်ခဲ့သောကြောင့် ဖြစ်သည်။ ၎င်းမှာ မိသားစုကိုသာမက ဤမိသားစုကြီးကို ချစ်ကြသည့် လူတိုင်းကိုပါ မုန်းတီးစေခဲ့သည့် လုပ်ရပ်များ ဖြစ်ခဲ့သည်။
Mary Conler အဖြစ် ပြန်လည်မွေးဖွားလာခဲ့တဲ့ သူမက ဒီမိသားစုကြီးကို ဘယ်လောက်ချစ်လဲဆိုတာကို အလွယ်တကူ မဖြေနိုင်ခဲ့ပေ။
ဖြစ်နိုင်တာက သူမသည်....
Conler ရဲ့အိမ်ဟာ သူမ သွားကိုသွားရမဲ့ နေရာတစ်ခုဟု တွေးနေခဲ့တာကြောင့် ဖြစ်မည်။Gilbert သည် Mary၏မျက်နှာအမူအရာမှ တစ်စုံတစ်ရာကို ဖတ်မိသွားခဲ့ပြီး နက်နဲစွာ သက်ပြင်းတစ်ချက်ချလိုက်သည်။
“ အခု Conler ဟာ Britina အင်ပါယာကြီးရဲ့ ထိပ်တန်း မင်းမျိုးမင်းနွယ်ဖြစ်ပြီး တော်ဝင်မိသားစုထက်မနည်းတဲ့ လက်အောက်ခံမိသားစုများစွာ ရှိတယ်။ ပိုင်နက်နယ်မြေထဲမှာလဲ လူငယ်လူရွယ်တွေ များစွာရှိတယ် ”
“ ..... ”
“ သူတို့အတွက်ကြောင့် ငါတို့ Conlerတွေက ပိုပြီး အင်အားကြီးမားလာရမယ်.....
ငါတို့အဖေ Grand Duke Estin လုပ်ဆောင်ခဲ့သလိုပေါ့ ”
YOU ARE READING
မြို့စားကြီးရဲ့ဒုက္ခအိုး သမီးဆိုးလေးက တစ်ယောက်ထဲပဲ နေချင်လို့ပါ!!!
RomanceWeekly update- Fri & Sat & Sun Status in COO_ Chapter226+side story *credit to author 윤로체 and English translator*