Chapter (11)

1K 75 0
                                    

Unicode
               
                  အခန်း (၁၁)

ဟုတ်ပြီ၊ဟုတ်ပြီ!
ဟုတ်ပြီကွ!!!

“ အိုး…သခင်မလေး Mary ဒီနေ့ သခင်မလေးကို ကြည့်ရတာ စိတ်ပျော်နေပုံရတယ်!”

“ ဟုတ်! ”

ဒီနေ့ အပြင်ထွက်ဖို့အတွက် Maryကို ကူညီပေးနေတဲ့ Bonitaနဲ့ တခြားအစေခံတွေက Maryရဲ့ ထူးထူးခြားခြားကြီးကို တောက်ပနေတဲ့ မျက်နှာအမူအယာကို ကြည့်ပြီးတော့ သူမကို စိတ်ပျော်နေတာလားလို့ မေးလာကြသည်။

ဒါပေါ့!

ဘာလို့လဲဆိုတော့ Lucas က ငါ့အတွက် အဝတ်အစားတွေ ဝယ်ဖို့ ငါတို့ ဒီနေ့ မြို့ထဲကို သွားကြမယ်တဲ့!

အမှန်တိုင်းပြောရရင် ဒီအချိန်က Mary အဖြစ် ဖြတ်သန်းရတဲ့ သူမ့ဘဝရဲ့ စိတ်လှုပ်ရှားစရာ အကောင်းဆုံး အခိုက်အတန့် ဖြစ်လိမ့်မည်။ အရင်တုန်းက သူမ ဝတ်စုံလှလှလေးတွေ ဝတ်ဖို့ အတွက် စိတ်ကူးယဉ်ခဲ့ဖူးတာကို မှတ်မိပါသေးသည်။

Grand duke Conlerရဲ့စံအိမ်က ဖြစ်လို့ ငါတို့က အရမ်းကို နာမည်ကောင်းရှိတဲ့ အဝတ်အစားဆိုင်ကို သွားမှာများလား?

ဘယ်ဝတ်စုံတွေက ပေါ်ပြူလာဖြစ်နေလဲဆိုတာ လေ့လာကြည့်ပြီး နောက်ပိုင်းမှာ စီးပွားရေးလုပ်တဲ့အခါကျရင် အဲ့ဒါတွေကို  ပြန်လည်ကိုးကားရင် ကောင်းမယ်လို့ တွေးမိတဲ့အတွက် ငါ ဝမ်းသာအားရနဲ့ ခေါင်းညိတ်ပြလိုက်သည်။

“ သခင်မလေးက အခုလိုမျိုး ပြုံးနေရင် အရမ်းချစ်စရာကောင်းတာပဲ! ”

“ သခင်မလေး မျက်လုံးတွေက ကြောင်လေးလိုပဲ အဲ့ဒါကြောင့် သခင်မလေးက မပြုံးပဲနေရင်တောင်မှ ချစ်စရာကောင်းတာပဲ ”

“ အိုး… ငါလဲ Bonitaလို သခင်မလေး Mary ဘေးနားမှာ နေချင်လိုက်တာ ”

တခြားအစေခံတွေရဲ့ ချီးကျူးတဲ့စကားတွေကြောင့် ရှက်ရွံ့ကာ Mary ပါးကို ကုတ်နေမိသည်။

ငါ့ရဲ့အရင်ဘဝက Ha Sohee မှာလဲ ကြောင်မျက်လုံးလေးတွေ ရှိခဲ့ပေမယ့်  လူတွေက ငါဟာ ကံဆိုးစေတယ် ကျိန်စာသင့်နေတာလို့ ပြောနေကြတာကိုပဲ ငါကြားခဲ့ရတယ်။ သူတို့က ဒီအိမ်ကြီးရဲ့ အလုပ်သမားမို့ ငါ့ကိုချီးကျူးနေကြတာလဲ ဖြစ်နိုင်ပေမဲ့ စိတ်ထဲကမပါတဲ့ စကားလုံးတွေ ဖြစ်ခဲ့ရင်တောင်မှ ငါ့ကို ချစ်စရာကောင်းတယ်လို့ ပြောပေးကြတာ ပိုကောင်းပါတယ်လေ။

မြို့စားကြီးရဲ့ဒုက္ခအိုး သမီးဆိုးလေးက တစ်ယောက်ထဲပဲ နေချင်လို့ပါ!!!Where stories live. Discover now