Chapter (5)

958 68 3
                                    

Unicode

               အခန်း (၅)

မိဘမဲ့ဂေဟာအပြင်ဘက်မှ အခြေအနေများကို ကိုင်တွယ်နေသော Lucasသည် အထဲသို့ ပြေးဝင်လာသောအခါ ကလေးတစ်ယောက်ကို ပွေ့ချီထားသော သူ့ရဲ့အေးစက်လှတဲ့ Grand dukeကို မြင်လိုက်ရသည်။ Britina အင်ပါယာတွင် သာမက Larvianအင်ပါယာ တွင်ပါ အဖိုးတန်သည်ဟု သတ်မှတ်ထားသည့် အနက်ရောင်ဆံနွယ်များကို ကြည့်ရင်း ဤကလေးသည် Conler မိသားစုကြီး၏ကလေးဖြစ်မည်မှာ သေချာပါသည်။ သွေးက လိမ်လို့ မရချေ။

ဖြူဖျော့နေသော အသားအရည်ရှိပြီး အရုပ်မလေးကဲ့သို့ အိပ်ပျော်နေသော ကလေးမလေးတွင် ညိုမည်းနေသော ဒဏ်ရာဒဏ်ချက်များဖြင့် ပြည့်နှက်နေလျှက်။

“သောက်ကျိုးနည်း! သူတို့က တကယ့်သားရဲတွေထက်တောင် ပိုဆိုးတယ်”

တောင်များသည် ကြမ်းတမ်းပြီး  အချိန်မှာ မှောင်နေသောကြောင့် ဤနေရာကို ရှာဖွေရန် အချိန်အတော် ကြာခဲ့သည်။ အကယ်၍ သူတို့သာ တစ်ရက် (သို့မဟုတ်) တစ်နာရီသာ စောလာနိုင်ခဲ့လျှင် ကလေးသည် ဤမျှ ထိခိုက်နာကျင်ရမည်မဟုတ်။
Lucas ဆဲဆိုနေစဉ်တွင် Grand duke Estin သည် သူ၏လက်မောင်းထဲတွင် ​ပွေ့ထားသော ကလေးငယ်ကိုသာ ကြည့်နေခဲ့သည်။
Lucas သည် ထိုမြင်ကွင်းကို ခဏကြည့်နေပြီးနောက် ပြောလာခဲ့သည်။

“ ကျွန်တော် သူမကို သယ်ပေးရမလား?”

“အဆင်ပြေတယ်၊ ငါပဲ သယ်မယ်”

“ သူမနဲ့ အတူရှိနေတဲ့ ကလေးရဲ့ပြောစကားအရ ဂေဟာမှူးက မိဘမဲ့ကလေးတွေရဲ့ ထောက်ပံ့ကြေးတွေကို အလွဲသုံးစား လုပ်နေပုံရတယ်။ အဲ့ဒါကြောင့် သူတို့က ပိုက်ဆံတွေကို ပြန်ခိုးပြီး ကလေးတွေကို မျှဝေဖို့ ကြိုးစားခဲ့တာ”

Estinသည် ကလေးကို ပွေ့ထားရင်း Lucas၏စကားများကို နားထောင်နေခဲ့သည်။ ကလေးငယ်သည် Estin၏ လက်မောင်းထဲတွင် သေဆုံးနေသလို ပျော့ခွေကာ လဲကျနေသည်။Estinသည် ရုတ်တရက် ရှင်းမပြနိုင်သော မကောင်းသည့် ခံစားချက် ကို ခံစားလိုက်ရသော ကြောင့်  သူရဲ့လက်ညိုးကို မြှောက်ကာ ကလေးငယ်၏နှာခေါင်းအောက်တွင် ထားလိုက်မိ၏။တိုးညှင်းသော အသံရှုသံဖွဖွလေးကို ခံစားမိလိုက်သောအခါမှ အမူအယာမဲ့စွာဖြင့် သူ့လက်ညိုးကို ပြန်ချလိုက်သည်။

မြို့စားကြီးရဲ့ဒုက္ခအိုး သမီးဆိုးလေးက တစ်ယောက်ထဲပဲ နေချင်လို့ပါ!!!Where stories live. Discover now