Chapter (45)

660 55 0
                                    

Unicode
                   အခန်း ( ၄၅ )

“ Mary? ”

Hestia ၏ အဖြေ၌ ကုလားထိုင်၏နောက်ကို မှီ၍ ထိုင်နေခဲ့သော Grand Duke Estin သည် နောက်ဆုံးတွင် စိတ်ဝင်စားလာသကဲ့သို့ မေးလာခဲ့သည်။

Tana မှာ နေတဲ့လူတစ်ယောက်ကို Mary က ဘယ်လိုသိခဲ့တာလဲ?

တောင်တွေကြားရှိ မိဘမဲ့ဂေဟာမှာ ရှိနေခဲ့ရသည့် Mary က သူမကို သိလိမ့်မည်လို့တော့ Estin မထင်ပါချေ။

“ Mary မိဘမဲ့ဂေဟာမှာ ရှိနေချိန်တုန်းက သူမကို သိခဲ့တာလား? ”

“ အို ကျွန်မ အဲ့ဒါကို မစစ်ဆေးခဲ့ရဘူး။ တောင်းပန်ပါတယ် ”

Hestia သည် နောင်တရနေသော အကြည့်ဖြင့် ခပ်မတ်မတ်ရပ်နေခဲ့သည်။ အစောပိုင်းက Mary ပြောခဲ့သော စကားအရ သူမတို့သည် တူညီသော မိဘမဲ့ဂေဟာတစ်ခုမှ ဟုတ်ပုံမရ သို့သော် Hestia သည် သေချာရေရာမှုမရှိဘဲ မည်သည့်အရာကိုမှ ပြောမပြနိုင်ချေ။

“ မိဘမဲ့ဂေဟာကနေ အရွယ်ရောက်ပြီး အမှီအခို ကင်းကင်း ဖြစ်လာတဲ့ ကလေးတွေအကြောင်းတော့ ကျွန်တော် မကြားမိသေးဘူး ”

“ Mary က Tana ဘက်ကို ရောက်သွားခဲ့တာလား? ”

စင်စစ် Hestia သည် ထိုအကြောင်းကို Estin အား အစီရင်ခံရန် ရည်ရွယ်ချက်မရှိခဲ့ပါ။အကြောင်းမှာ အရာရာတိုင်းကို သတိတကြီး ဖြစ်နေခဲ့တဲ့ Mary ကြောင့် ဖြစ်သည်။
Mary သည် သူမ့ကိုယ်သူမ Conler ၏ အပြင်လူတစ်ယောက်အဖြစ် ထင်မြင်နေပုံရပြီး သူမ၏ လှုပ်ရှားမှုတိုင်းကိုလဲ ဂရုတစိုက်ဖြင့် ကန့်သတ်ထားခဲ့သည်။ မည်သို့ပင်ဖြစ်စေကာမူ သူမသည် မရည်ရွယ်ဘဲ မတော်တဆများစွာကို ဖြစ်စေခဲ့သည်။

အချိန်တိုတစ်ခုအထိ Mary ကို စောင့်ကြည့်ပြီးနောက် Hestia သည် Mary နှင့်ပတ်သတ်၍ အနည်းငယ် နားလည်လာခဲ့သည်။ Mary ၏ပင်ကိုယ်စရိုက်သည် သူမ ထင်ထားသည်ထက်ကို ပို၍ ထူးခြားသည်။

ထို့ကြောင့် Hestia သည် Mary အနီးအနားတွင် လူတွေအများကြီးကို ထားပေးချင်သည်။ အမှန်တော့ သူမနှင့်ပတ်သက်၍ မည်သည့်သတင်းအချက်မျှမရှိသည့် Carol Delat ကို Mary လေး၏ အနားတွင်ထားရန်မှာ Hestia အတွက် လွယ်ကူသော ဆုံးဖြတ်ချက်တစ်ခုတော့ မဟုတ်ခဲ့ချေ။ သို့တိုင် ထိုအချိန်က Mary ကို ကြည့်နေခဲ့သည့် Carol Delat ၏ မျက်လုံးများမှာ အမှန်တကယ်ကို ရိုးသားနေခဲ့ပါသည်။

မြို့စားကြီးရဲ့ဒုက္ခအိုး သမီးဆိုးလေးက တစ်ယောက်ထဲပဲ နေချင်လို့ပါ!!!Where stories live. Discover now