Chapter (25)

738 52 0
                                    

Unicode
                 အခန်း (၂၅)

“ သခင်မလေး အများကြီးလဲ မစားဘူး ”

Bonita သည် Mary ၏ပန်းကန်ပြားပေါ်မှ မကုန်တော့တဲ့ အစားအစာတွေကို ကြည့်ရင်း ညည်းညူကာ ရေရွတ်လိုက်သည်။

မိဘမဲ့ဂေဟာမှာတုန်းက သူမတို့မှာ စားစရာ လုံလုံလောက်လောက် မရှိခဲ့ပေ။ အထူးသဖြင့် မနက်စာအတွက် ဖြစ်သည်။ ထို့ကြောင့် Mary ပိုစားဖို့ ကြိုးစားခဲ့ရင်တောင်မှ အကျင့်ပါပြီး မစားနိုင်တော့ချေ။

အကယ်၍ သူမ ထိုကဲ့သို့ ဆင်ခြေပေးလိုက်ရင်လဲ Bonita က အဲ့ဒီမှာ နေ့လည်စာနဲ့ ညစာကို ငါ ဘာတွေစားရလဲ ဆိုပြီး မေးလာလိမ့်မည်။ Bonita ကိုလဲ ဒီအတွက် စိတ်မကောင်း မဖြစ်စေလိုပေ။
သို့တိုင် သူမရဲ့အစာအိမ်လေးကို ဖိအားပေးမိမှာ ကြောက်မိတဲ့အတွက် သူမ့ကိုယ်သူမလဲ အစားအများကြီးစားဖို့ အတင်းအကြပ် မလုပ်နိုင်ခဲ့ပေ။ သူမ ချန်ထားခဲ့တဲ့ အစားအသောက်များကို ကြည့်မိချိန်၌ အားနာလာသောကြောင့် ဝမ်းနည်းနေတဲ့ လေသံဖြင့် ပြောလိုက်၏။

“ သမီးနေ့လည်စာကျ ကောင်းကောင်းစားမယ်လေ... ”

Mary ပြောလိုက်တာက Bonita စိတ်မကောင်းဖြစ်တာကို သက်သာစေဖို့ရန်နဲ့ ကိုယ့်ကိုယ်ကို ကတိပေးနေခြင်းလဲ ဖြစ်သည်။

Conler၏စားဖိုမှူးတွေမှာ အလွန်တော်တဲ့အတွက်ကြောင့် သူမရဲ့အစာအိမ်လေးက သေးပြီး များများမစားနိုင်တဲ့အခါ ဒါဟာ မမျှတဘူးလို့ ခံစားလာရသည်။Conler၏စံအိမ်ကြီးကို ရောက်ပြီးချိန်မှာမှ ကညွတ်ဟာ အလွန်အရသာရှိသော ဟင်းသီးဟင်းရွက်ဖြစ်ကြောင်းကို Mary သိရှိခဲ့ရသည်။

ငါ အခုလို အရသာရှိတဲ့ အစားအစာတွေကို ဆက်စားနေရင် တစ်နေ့ကျရင် ငါ့ရဲ့အစာအိမ်လေးက ပိုပိုပြီးဆန့်လာမှာပဲ!

အစားစားပြီးသည့်နောက် စိတ်ကျေနပ်စွာဖြင့် Mary သည် သူမ၏ခြေထောက်လေးများကို ရှေ့နောက်လွှဲလိုက်သည်။

နောက်နှစ်ကျရင် ငါ့အသက်အရွယ်နဲ့ကိုက်ညီမယ့် ဝတ်စုံတွေကို ဝတ်လာနိုင်ဖို့ ငါ မြန်မြန် ထွားလာမှဖြစ်မယ်!

......ဟုတ်တယ်။အဲ့ဒါ မှန်တယ်။

၇နှစ်သားအရွယ်ဝတ်တွေ ဝတ်ရတယ်ဆိုတာက Maryရဲ့မာနကို ထိခိုက်စေပါသည်။ဒါကြောင့် နောက်နှစ်မှာ သူမ့အသက်အရွယ်နဲ့ကိုက်ညီတဲ့ ဝတ်စုံတွေကို ဝတ်နိုင်ဖို့ ဆုံးဖြတ်ခဲ့၏။ ထိုသို့လုပ်နိုင်ရန်အတွက် မနက်ဖန်မနက်မှာ ပြင်ပေးလာမည့် မနက်စာမှန်သမျှကို စားဖို့ ဆုံးဖြတ်လိုက်ပါတော့သည်။

မြို့စားကြီးရဲ့ဒုက္ခအိုး သမီးဆိုးလေးက တစ်ယောက်ထဲပဲ နေချင်လို့ပါ!!!Where stories live. Discover now