Unicode
အခန်း (၆၆)" သခင်မလေး ထတော့နော် "
Carol က Mary ကို ဂရုတစိုက်ဖြင့် နှိုးလာခဲ့ချိန်တွင် Mary သည် သစ်တုံးကြီးတစ်တုံးလို အိပ်မောကျနေခဲ့သည်။ ဘာအိမ်မက်မှကို မမက်ဘဲ နှစ်နှစ်ခြိုက်ခြိုက်ကို အိပ်ပျော်သွားခဲ့မိသည်။
" သခင်မလေး အိပ်ချင်နေတုန်းလား? "
" အင်..."
Carol က သူမကို ဝမ်းနည်းတဲ့ အမူအရာဖြင့် ကြည့်နေခဲ့သည်။ သူမ၏ အိပ်စက်ခြင်းကို အနှောက်အယှက်ဖြစ်စေမိသည့်အတွက် စိတ်မကောင်းဖြစ်နေသည့်ပုံပင်။ Carol က ဒူးထောက်ပြီး မတောင်းပန်လာခင်မှာ အိပ်ချင်စိတ်တွေပျောက်သွားအောင် လုပ်သင့်သည်ဟု တွေးလိုက်မိသည့်အတွက် Mary က အကြောများကို ဆန့်ကာ ပြုံးပြလိုက်သည်။
" ကျွန်မ ဖြစ်နိုင်ရင် သခင်မလေးကို ပိုအိပ်စေချင်ပါတယ်။ ဒါပေမဲ့ သခင်ငယ်လေးနှစ်ယောက်ကပါ ညစာအတူတူစားကြမှာဆိုတော့ "
" သမီး သိပြီ။ သမီး သိပြီ "
" သခင်မလေးရဲ့ အောင်ပွဲကို ဂုဏ်ပြုတဲ့အနေနဲ့ အရသာရှိတဲ့ အစားအသောက်တွေ အများကြီး ပြင်ဆင်ထားတယ်လို့ ကျွန်မကြားမိတယ် "
Conler စံအိမ်ကြီးမှာ ဘယ်တုန်းကများ အရသာမရှိတဲ့ဟင်းပွဲမျိုး ထွက်ပေါ်လာဖူးလို့လဲ?
သို့တိုင် Mary သည် အဝတ်အစားလဲကာ မျော်လင့်ချက်အပြည့်ဖြင့် ညစာစားခန်းဆီသို့ သွားခဲ့သည်။
" နောက်ဆုံးတော့ Conler တွေအားလုံး ဆုံစည်းနိုင်ခဲ့ပြီ "
Lucas က သူမတို့ စားပွဲမှာ ထိုင်နေတာကိုတွေ့တော့ စိတ်ခံစားမှုပြင်းထန်နေသော အသံဖြင့် ပြောလာခဲ့သည်။ ၎င်းကို ကြားလိုက်ရတော့ Mary ထူးဆန်းသလို ခံစားလိုက်ရသည်။ Mary သည် ထိုအချိန်က စိတ်တိုဒေါသထွက်နေခဲ့၍ သူမ၏အစ်ကိုများကို သေသေချာချာ မကြည့်နိုင်ခဲ့ပေ။ Gilbert က Grand Duke Estin နှင့် ချွတ်စွတ်နီးပါးတူသည်။ မူရင်းဝတ္ထုထဲတွင် ဒုတိယဇာတ်လိုက်ဖြစ်သည့် Aiden က အနည်းငယ် ပိုပြတ်သားသည့်ပုံရှိ၏။ အမြဲရုပ်တည်ကြီးနှင့်နေတတ်ကာ ထိလွယ်ရှလွယ်သော ကိုယ်ရည်ကိုယ်သွေးရှိသည်ဟု ဆိုကြပြီး သူ၏တစ်ခုတည်းသော ချွင်းချက်မှာ Astina ဖြစ်သည်။ Theodore ကိုတော့ Mary သိပ်မမှတ်မိတော့ပေ။ သူ့က အရေးပါသောဇာတ်ကောင်တစ်ယောက် မဟုတ်ခဲ့ပေ။ တစ်ခုရှိသည်မှာ Theodore သည် Mary နှင့် ရုပ်တော်တော်တူသည်။မျက်လုံးနဲ့ဆံပင်အရောင်ကလွဲ၍ အမေရဲ့ အသွင်အပြင်ကို ဆက်ခံထားသူမှာ သူမနှင့် Theodore သာ ဖြစ်သည်။ Theodore က Estin နှင့် အတော်ကို ကွဲပြားသည်။

YOU ARE READING
မြို့စားကြီးရဲ့ဒုက္ခအိုး သမီးဆိုးလေးက တစ်ယောက်ထဲပဲ နေချင်လို့ပါ!!!
RomanceWeekly update- Sat & Sun Status in COO_ Chapter226+side story *credit to author 윤로체 and English translator*