Chapter (48)

600 49 1
                                    

Unicode

                အခန်း ( ၄၈ )

Miller Bruno သည် သူ့သမီး Sophia အတွက်ဆိုလျှင် မည်သည့်အရာကိုမဆို လုပ်နိုင်ပေသည်။

သူမသည် သူ အသက်ကြီးမှရလာခဲ့သော သမီးငယ်လေးဖြစ်သည်။ အကြာကြီးစောင့်မျော်ခဲ့ရသည့် သမီးလေး Sophia ကို လက်ထဲတွင် ပွေ့ထားရင်း Jessica မွေးဖွားလာသည့်အတွက် ပျော်ရွှင်နေခဲ့သော သူ့အဖေ William Bruno ၏ခံစားချက်ကို နောက်ဆုံးမှာတော့  နားလည်လာခဲ့သည်။

သူ့အဖေ Jessica ကို ရသည့် အသက်အရွယ်လောက်မှာပဲ သူသည်လည်း သမီးလေး Sophia ကို ရရှိခဲ့သည်။

William သေဆုံးခါနီးအချိန်၌ သူသည် Miller အား တစ်ခုတည်းသာ တောင်းဆိုခဲ့သည်။ သူ့အဖေသည် သူ့ကို Jessica အား ကာကွယ်စေချင်သည်။ ချမ်းသာသည့်မိသားစုမှ  မဟုတ်လျှင်တောင် သူမ တကယ်ချစ်သည့် ယောကျာ်းနှင့် အိမ်ထောင်ပြုသည့်အထိ Jessica ကို ကာကွယ်စောင့်ရှောက်​ပေးရန် တောင်းဆိုခဲ့သည်။

ထိုတောင်းဆိုချက်ကို နားထောင်နေရင်း Miller Bruno သည်  Jessica အပေါ်ထားရှိသော သူ့အဖေ၏အချစ်များကို သရော်ချင်မိ၏။

William က သူ့အပေါ်မှာရော ဒီလိုချိုမြိန်တဲ့ အဖေကောင်းတစ်ယောက် ဖြစ်ခဲ့ရဲ့လား?

သူ စာလုံးပေါင်းသတ်ပုံ မှားရေးမိခဲ့သောကြောင့် လက်ဖမိုးကို အရှိုးအရာထင်အောင် ပြင်းထန်စွာ ရိုက်ခဲ့ခြင်းကို မှတ်မိနေသေးသည်။ သူ့ထက် ငယ်ရွယ်သော Conler ၏ Grand Duke ဖြစ်သူ Estin နှင့် သူ့ကို အချိန်တိုင်းလိုလို နှိုင်းယှဉ်ခဲ့ပြီး William သည် သူ့ကို  အသုံးမကျတဲ့ကောင်ဟု အမြဲတမ်း ပြောဆိုခဲ့သည်။

သူ့အဖေသည်  Jessica အား နောက်ဆံတင်းနေခဲ့သောကြောင့် သေသည့်အချိန်အထိ မျက်လုံးတောင် ပိတ်မသွားနိုင်ခဲ့။
Bruno သည် သူ့ညီမငယ်လေးကို သနားသည့်အတွက် သူမ့အပေါ်မှာ ကောင်းပေးဖို့ ကြိုးစားခဲ့သည်။ သို့သော် ၎င်းမှာ William ၏ သေတမ်းစာကို ရှာမတွေ့ခင် အချိန်ထိသာ။

William သည် Jessica Bruno လက်ထပ်သည့်နေ့တွင် Bruno မိသားစု၏ စံအိမ်တစ်ခုလုံးကို Jessica အား အမွေပေးရန် စီစဉ်ထားခဲ့သည်။ Miller ဒေါသူပုန်ထကာ ထိုသေတမ်းစာကို မီးရှို့ဖျက်စီးပစ်ခဲ့သော်လည်း သေတမ်းစာသည် ပြာအဖြစ်သို့ ပြောင်းမသွားခဲ့ချေ။ သူ ၎င်းကို စစ်ဆေးကြည့်လိုက်ချိန်မှာတော့ စာရွက်ကို  ဖျက်စီး၍ မရနိုင်သည့် ကာကွယ်ရေးမန္တာန်တစ်ခု သေတမ်းစာတွင် ရေးဆွဲထားသည်ကို တွေ့လိုက်ရသည်။ Miller ဒေါသထွက်လွန်း၍ ရယ်တောင်မရယ်နိုင်တော့။

မြို့စားကြီးရဲ့ဒုက္ခအိုး သမီးဆိုးလေးက တစ်ယောက်ထဲပဲ နေချင်လို့ပါ!!!Where stories live. Discover now