Unicode
အပိုင်း (၃၁)
" သား တောင်းပန်ပါတယ် "
" သခင်ငယ်လေး အဆင်ပြေရဲ့လား? "
Rex လုံးဝ စိတ်ငြိမ်သွားပုံရသည့်အချိန်တွင် Bonita သည် သူမ့အိတ်ကပ်ထဲမှ လက်ကိုင်ပဝါကို ဆွဲထုတ်၍ Rex ၏ မျက်နှာတစ်ပြင်လုံးကို သုတ်ပေးလိုက်သည်။
မျက်နှာသုတ်ပေးတာကို ငြိမ်ငြိမ်လေး ခံယူနေသော Rex သည် Bonita ၏ မေးခွန်းတွင် သူ၏ လက်ညိုးလေးကို ဂဏာမငြိမ်စွာ ဟိုဆိတ်ဒီဆိတ်လုပ်နေခဲ့၏။
သူ့ဆံပင်အရောင်နဲ့ပတ်သတ်ပြီး ဆိုးဝါးတဲ့အမှတ်တရတွေ ရှိလားလို့ Mary မေးခဲ့ချင်ပေမဲ့ ရုတ်တရက် သူ ထပ်ပြီး ငိုလာမယ်လို့ ထင်တာကြောင့် မမေးဘဲ Rex ပြန်ဖြေလာမှာကိုပဲ ငြိမ်ငြိမ်လေး စောင့်နေခဲ့သည်။
" ရုတ်တရက် ငိုနေမိလို့.... "
" ..... "
" သား တစ်ခါမှ ဒီလို ချီးကျူးတာမျိုး မရဖူးလို့ပါ... "
" ...? "
" သားက အမြဲတမ်း Miss Mary ရဲ့ အနက်ရောင်ဆံပင်တွေကို အားကျနေခဲ့ရတာ "
ဟမ် မင်း ငါ့ကို ဘယ်အချိန်မှာ မြင်ခဲ့တာလဲ?
စကားပြောနေတဲ့အချိန်မှာတောင် ရှက်ရွံ့စွာ ခေါင်းကို ငုံ့ထားတဲ့ Rex ၏ မြင်နေရသည့် ပါးပြင်နှစ်ဖက်မှာ နီရဲလို့လာသည်။
ဒီကမ္ဘာကြီးပေါ်မှာ ဆံပင်အနက်ရောင်က ရှားပါးတယ်ဆိုပေမယ့်လဲ သူ့ကို အခုလို ငိုစေရလောက်တဲ့အထိလား?
Mary မျက်လုံးတွေကို မှေး၍ တစ်စုံတစ်ခုကို ဖုံးကွယ်ထားပုံရသည့် Rex ကို ကြည့်လိုက်သည်။ သို့သော် ကလေးက ခေါင်းထောင်ချင်ပုံ မရပေ။
" ဟူး "
ထိုမြင်ကွင်းကို ကြည့်ရင်း သတိမထားမိဘဲ သက်ပြင်းချခဲ့မိ၏။
တကယ်တမ်းတွေးကြည့်ရင် ငါ သူ့အပေါ် ဘာအမှားမှ မလုပ်ခဲ့ပါဘူး။ဒါပေမဲ့ သူ့ကို ကြည့်နေရင်း မချင့်မရဲဖြစ်ကာ သနားမိသလို ခံစားရတယ်။
" ဟေး Rex "
Mary သူရဲ့နာမည်ကို ဂရုတစိုက်ခေါ်လိုက်တာနဲ့ သူရဲ့ခန္ဓာကိုယ်တစ်ခုလုံး တုန်သွားတာကို ငါ သတိထားမိခဲ့သည်။

YOU ARE READING
မြို့စားကြီးရဲ့ဒုက္ခအိုး သမီးဆိုးလေးက တစ်ယောက်ထဲပဲ နေချင်လို့ပါ!!!
RomanceWeekly update- Sat & Sun Status in COO_ Chapter226+side story *credit to author 윤로체 and English translator*