Unicode
အခန်း ( ၇၇ )Yohan Borneau
သူသည် Astina ၏ မွေးစားအစ်ကိုဖြစ်သည်။ သို့သော် အသွင်အပြင်ကို အခြေခံကြည့်ပါက သူတို့နှစ်ယောက်သည် တကယ့်မောင်နှမတွေဟု ထင်ရလောက်ပေသည်။
အလျင်အမြန် ပြေးလာခဲ့သော Yohan သည် Astina ရှေ့ရောက်သောအခါ ခေါင်းကို ညင်သာစွာပုတ်၍ စိုးရိမ်တကြီး မေးလာခဲ့သည်။
" မင်းကို စကားဝိုင်းမှာ မတွေ့ရတော့ အစ်ကို ဘယ်လောက်တောင် စိတ်ပူသွားလဲ သိရဲ့လား? မင်းက ဘယ်တွေရောက်နေတာလဲ? "
Astina ကို ဦးတည်ထားသည့် Yohan ၏ အကြည့်များသည် ပျားရည်ကဲ့သို့ ချိုမြနေသည်။ Mary ကို ညီမအဖြစ် ယူဆထားသည့် Gilbert ပင်လျှင် သူမကို ထိုသို့သောအကြည့်မျိုးနှင့် မကြည့်ဖူးချေ။ ကျန်သည့်အစ်ကိုနှစ်ယောက်ဆို ပြောစရာကိုမလိုတော့။
သူမအကြည့်ကို သတိထားမိသွားသကဲ့သို့ Yohan ၏အကြည့်များဟာ Mary ဆီသို့ ရောက်လာခဲ့သည်။ သူတို့နှစ်ယောက်ကို ကြည့်ရသည်မှာ နတ်သား နတ်သမီးလေးတွေလို...
" Conler "
" အို သမီး အစ်ကိုကြီးကို အရင်က ပြောဖူးတယ်မလား? သမီးအပေါ်ကို အရမ်းဂရုစိုက်ပေးတဲ့ သူငယ်ချင်းတစ်ယောက်ရှိတယ်လို့ "
" ဟယ်လို "
" အာ ဟုတ် "
ပင်ကိုအရကို နွေးထွေးတဲ့အပြုအမှုရှိသည် Yohan သည် Mary ကို နူးနူးညံ့ညံ့ ပြုံးပြရင်း နှုတ်ဆက်လာသည်။
ငါ့အထင် ရွှေရောင်ဆံပင်တွေက ငါ့ရဲ့အားနည်းချက်ထင်တယ်...
Mary သည်လည်း ရှက်ကိုးရှက်ကန်းဖြင့် ပြုံးပြရင်း ပြန်နှုတ်ဆက်ခဲ့သည်။
" အဟမ့် "
" အိုး အရှင်မင်းသား "
" Yohan ကျွန်တော် ခုဏက မင်းပြောသွားတဲ့ ပုံပြင်ကို အရမ်းသဘောကျတယ် "
လူငယ်များသည်လည်း သူတို့၏ကိုယ်ပိုင်စကားဝိုင်းရှိပုံရသည်။ Mary မသိလိုက်ခင်မှာပဲ Demimore သည် ရှေ့ကို ပိုတိုးလာကာ Yohan နှင့် စကားစပြောလာခဲ့သည်။ Mary ထပ်အရပ်အနည်းငယ်ပိုရှည်သော Demimore သည် Mary ရှေ့တွင် ပိတ်ရပ်ပြီး Yohan ကို မြင်ရမည့်မြင်ကွင်းကို ကာဆီးထားသည်။

YOU ARE READING
မြို့စားကြီးရဲ့ဒုက္ခအိုး သမီးဆိုးလေးက တစ်ယောက်ထဲပဲ နေချင်လို့ပါ!!!
RomanceWeekly update- Sat & Sun Status in COO_ Chapter226+side story *credit to author 윤로체 and English translator*