Chapter ( 74 )

354 51 5
                                    

Unicode
                အခန်း ( ၇၄ )

" အိုး ငါ...  "

" ဒီကဗျာကို ဖတ်ပြီးသွားတော့ lady Conler ဘယ်လိုခံစားလိုက်ရလဲ ငါသိချင်မိတယ် "

Laussane ၏စကားများသည် လူတိုင်းကို အာရုံစိုက်လာစေခဲ့သည်။

ဒီလိုဆွေးနွေးပွဲမျိုးကို တက်ရောက်တာက ငါ့အတွက် ပထမဆုံးအကြိမ်ဖြစ်နေလို့ အမေးခံရတာများလား?

Mary အောက်နှုတ်ခမ်းကို ကိုက်လိုက်သည်။

ငါတစ်ခုခုကို ပြောသင့်တယ်ဆိုပင်မဲ့ ဘာပြောလိုက်ရမလဲ? တခြားကလေးတွေလိုပဲ ရိုမန့်တစ်ဆန်ပါတယ်လို့ ပြောလိုက်ရမလား?

Lausanne ဘာ‌တွေတွေးနေခဲ့လဲ Mary မမှန်းဆတတ်တော့ပါ။ သူမမည်မျှပင်ကြိုးစားစေကာမူ Lausanne ၏အတွေးတွေကို မဖတ်နိုင်လောက်မှန်း Mary နားလည်လာခဲ့သည်။

ဒီကဗျာကိုဘယ်လိုမြင်သလဲဆိုတာကို ပွင့်ပွင့်လင်းလင်းပဲ ပြောပြလိုက်ရင်ကောင်းမလား?

Mary သည် စိတ်ဆုံးဖြတ်ချပြီးဟန်ဖြင့် ပါးစပ်ကိုဖွင့်လိုက်သည်။

" နည်းနည်းကြောက်သွားခဲ့တယ် "

" ဘယ်လို? "

Mary ထိုကဲ့သို့ပြန်ဖြေလိုက်သောအခါ လူတိုင်းက သူမကို ထူးဆန်းသည့်အကြည့်ဖြင့် ကြည့်လာခဲ့ကြသည်။ တစ်ချိန်လုံးပြုံးနေခဲ့သော တော်ဝင်မင်းသမီး Lausanne သည် သူမ မျော်လင့်မထားသောအဖြေတစ်ခုကို ကြားလိုက်ရသကဲ့သို့ အနည်းငယ်အံ့အားသင့်သွားသည့်အမူအယာပေါ်လာခဲ့သည်။ ၎င်းနောက် သူမသည် Mary ၏ ထင်မြင်ယူဆချက်ကို သိလိုဟန်ဖြင့် မေးလာခဲ့သည်။

" Lady Conler က ဘာလို့အဲ့လိုထင်ရတာလဲ? "

" အင်း ပြောရမယ်ဆိုရင် ဒီကဗျာက အချစ်ကိုပေးနေတဲ့လူရဲ့အမြင်နဲ့ ရေးထားတဲ့ကဗျာတစ်ပုဒ်လေ "

ဒီကဗျာကို ဖတ်ရင်း Ha Sohee ဖြစ်စဥ်က ဖတ်ခဲ့ဖူးသည့် လော်ရယ်သစ်ပင်နှင့်လဲ ပတ်သတ်နေသော Daphneရဲ့ဇာတ်လမ်းကို ပြန်သတိရလာခဲ့သည်။ Apollo သည် မြှားနတ်မောင်၏ကျိန်စာကြောင့် Daphne ကို မြင်မြင်ချင်းချစ်မိသွားခဲ့ပြီး သူ့ကိုပြန်ချစ်ရန် အတင်းအကြပ်စေခိုင်းခဲ့သည်။ ထိုအရာမှာ Daphne ၏ မျက်လုံးထဲတွင်တော့ အကြမ်းဖက်နေခြင်းပင်။ Apollo ၏ တစ်ဖက်သတ်ဆန်စွာဖြင့်  စတင်ခဲ့သော ချစ်ခြင်းမေတ္တာသည် ကြေကွဲဖွယ် အဆုံးသတ်ခဲ့ရသည်။

မြို့စားကြီးရဲ့ဒုက္ခအိုး သမီးဆိုးလေးက တစ်ယောက်ထဲပဲ နေချင်လို့ပါ!!!Where stories live. Discover now