Chapter (39)

723 66 0
                                    

Unicode
                အခန်း (၃၉)

“ Grand Duke Estin က ဘယ်တော့ပြန်လာမှာလဲ? ”

“ hmm ”

“ အဲ့ သောက်ကလေး ဝင်ရှုပ်သွားလို့! ”

Baron Bruno ၏ စကားများကို Logan မှ ချက်ချင်းထိန်းပေးခဲ့ရပြီး ထိုသူ၏ ဉာဏ်မဲ့မှုကို Logan က သရော်ပြုံး ပြုံးလိုက်သည်။

ခင်များက ငတုံးပဲ။

Estin အဝေးမှာ ရှိနေစဉ်အတွင်း Rex Bluea အား လှုံ့ဆော်ဖို့ Logan  သူ့ကို ပြောခဲ့သော်လည်း သူက Conler ၏ တိုက်ရိုက်မိသားစုဝင်ကိုတောင်မှ ထိပါးမိခဲ့သည်။

သူ့မိခင်၏ အဖြစ်အပျက်ကြောင့် Rex Bluea  စိတ်အားငယ်နေချိန်ကို ရည်ရွယ်၍ စိတ်ပိုင်းဆိုင်ရာအား တော်သင့်ရုံ ထိုးနှက်လိုက်ဖို့ Logan ပြောခဲ့သည်။သို့သော် Conler ၏ တိုက်ရိုက်မိသားစုဝင်က Rex Bluea ဘက်တွင် ရှိလိမ့်မည်ဟု Logan မမျော်လင့်ထားခဲ့ပေ။ ထို့အပြင် Mary သည် ထိုမျှရဲရင့်လိမ့်မည်ဟု သူ မသိခဲ့ပါချေ။

“ မင်း ဘယ်လိုထင်လဲ Logan? ”

“ ကျွန်တော်လဲ ဘာလုပ်နိုင်မှာလဲ? Grand Duke Estin ရဲ့ လုပ်ဆောင်ချက်ကိုပဲ ​ကျွန်တော်တို့ စောင့်ရလိမ့်မယ် ”

ထိုလူအိုကြီး၏ ကြံရာမရဖြစ်သွားသော မျက်နှာကြီးမှာ အတော်လေး ရယ်စရာကောင်းလှသည်။ထို လူအိုကြီး၏ရှစ်ခေါက်ချိုးမျက်နှာကြီးမှာ  ရယ်စရာအကောင်းဆုံး ဟာသများထက်ပင် ပို၍ ရယ်ဖွယ်ဖြစ်နေ၏။

ငါ သူ့ကို တစ်ခါထပ်ပြီး ကူညီပေးလိုက်ရမလား?

Logan တွင် အစီအစဉ် တစ်ခု ရှိသည်။ လက်ရှိ ဧကရီ၏အိမ်တော်သည် Anos အိမ်တော်နှင့် ပေါင်းစည်းခဲ့သည်။ဤ သောက်ရူး Bruno သာ ကောင်းကောင်းလုပ်နိုင်ခဲ့လျှင် Sophia Bruno ကို ဧကရီဖြစ်နိုင်ရန် ကြံရွယ်နေသည့် ၎င်း၏ရည်ရွယ်ချက်ကိုတောင် ရရှိသွားနိုင်လောက်မည်။

ဟင့် ဒါပေမဲ့ ဒီရွတ်တွနေတဲ့ အဖိုးကြီးက လုပ်နိုင်ပါ့မလား?

Baron Bruno ၏ လက်ထောက်ဖြစ်ရန် Logan ရွေးချယ်လိုက်မှုမှာ ဒီအတိုင်း အပျော်သက်သက်သာ ဖြစ်သည်။ ခေါင်းထဲတွင် အကြံအစည်နှင့် လှည့်ကွက်များ ပြည့်နှက်နေသည့် ထိုအဖိုးကြီး ဘယ်လောက်ထိ ရောက်အောင် သွားနိုင်မလဲ Logan သိချင်ခဲ့သည်။ သို့သော် ထိုအဖိုးကြီးမှာ ဤမျှအသုံးမကျလိမ့်မည်ဟု Logan မမျော်လင့်ထားမိခဲ့....

မြို့စားကြီးရဲ့ဒုက္ခအိုး သမီးဆိုးလေးက တစ်ယောက်ထဲပဲ နေချင်လို့ပါ!!!Where stories live. Discover now