Chapter ( 62 )

381 63 8
                                    

Unicode
                 အခန်း ( ၆၂ )

ထို့နောက် ထိုနေရာက ထွက်လာသည်မှာတော့.....

ယုန်?

" အာ.... "

ဒါက ယုန်လေးတစ်ကောင်ပဲ။ ဟူး...လန့်သွားတာပဲ။

Mary အနည်းငယ်လန့်သွားခဲ့သည်။ သို့သော်  သူမ ချက်ချင်းတွေးလိုက်မိသည်။

ငါ ဒီယုန်ကို အရင်ဖမ်းလိုက်ရင် ကောင်းမလား? တကယ်လို့ Cameron ကသာ ရှဥ့်တစ်ကောင် ဖမ်းခဲ့မယ်ဆိုရင် ငါ နိုင်နိုင်တာပဲ။ဟုတ်တယ်မလား?

Mary ထိုသို့သောအတွေးဖြင့် ယုန်ကို မြှားဖြင့် ပစ်ရန် ကြိုးစားလိုက်သော်လည်း တုန့်ဆိုင်းနေခဲ့သည်။

အားးး ယုန်လေးက ချစ်စရာလေး...ဘာ‌ဖြစ်   သွားမှန်းမသိတဲ့ အကြည့်လေးနဲ့ ငါ့ကို ခေါင်းလေးစောင်းပြီး ကြည့်နေတာ.....

Mary ဆက်ကြည့်နေရင်း နောက်ဆုံးတော့ မြှားကိုချလိုက်ပြီး ထိုင်သာချလိုက်သည်။ ယုန်လေးက ခုန်ပြီး Mary ရှေ့ကို ရောက်လာခဲ့သည်။ သူမကို ကြောက်မနေခဲ့ပေ။

ငါ ဘယ်လိုလုပ် ပစ်ရက်တော့မှာလဲလို့?
ပိုကြီးတဲ့ တစ်ကောင်ကောင်ကိုပဲ ဖမ်းတာပေါ့ကွာ။ ဒီယုန်လေးက အရမ်းကို ချစ်စရာကောင်းလွန်းတယ်.....

" ယုန်လေး ညာဘက်က ဧရိယာကို မသွားနဲ့နော်။ ဒီဘက်မှာပဲနေ။ ဟုတ်ပြီလား? "

Mary က ယုန်ကို ထိုသို့ပြောပြီးနောက် ထကာ တစ်ခြားတစ်ဖက်ကို ဦးတည်လိုက်သည်။

ဘာလို့ ဒီနေရာမှာ ဘာလို့ တောရိုင်းတိရစ္ဆာန်တစ်ကောင်မှ မရှိရတာလဲ? ငါပဲ ပေါ်တင်ကြီး လမ်းလျောက်နေမိလို့များလား?

ငါ ရုပ်ဖျက်လိုက်သင့်လား?

Mary သည် စိုစွတ်နေသော ရွှံ့အနည်းငယ်ကို ရှာတွေ့သွားခဲ့ပြီးနောက်မှာ ‌၎င်းကို သူမမျက်နှာပေါ်မှာ လိမ်းလိုက်သည်။ ထို့နောက် သစ်ကိုင်းတစ်ကိုင်းကို ကောက်ယူပြီး သူမ၏ခေါင်းမှာ ထိုးစိုက်လိုက်သည်။

ပန်းတွေရော တင်ရင်ကောင်းမလား....တော်ပါပြီ။ ဒီလောက်ဆို အဆင်ပြေလောက်ပါတယ်။

ထိုသို့ရုပ်ဖျက်လိုက်ပြီးနောက်မှာတော့ Mary က သူမတွင် အတွေးအမြင်အသစ်များ ရှိလာသလို ခံစားလိုက်ရသည်။

မြို့စားကြီးရဲ့ဒုက္ခအိုး သမီးဆိုးလေးက တစ်ယောက်ထဲပဲ နေချင်လို့ပါ!!!Where stories live. Discover now